Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့မရဲစခန်းမှ ရဲ ၂ ဦး လက်နက်နှင့်ကျည်များယူ​ဆောင်လာပြီး ပြည်သူနှင့်ပူး​ပေါင်း

စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်သားနှစ်ဦးသည် သြဂုတ်လ ၂၀ရက်က တာဝန်ချိန်အတွင်းလက်နက်ခဲယမ်းများယူဆောင်ကာ ထွက်ပြေးလာခြင်းဖြစ်သည်။

(ပြည်သူနှင့် ပူး​ပေါင်းလာ​သော ရဲ နှစ်ဦးကိုဂုဏ်ပြု​ငွေချီးမြှင့်စဥ်။ဓါတ်ပုံ-PDF-Zoland)
(ပြည်သူနှင့် ပူး​ပေါင်းလာ​သော ရဲ နှစ်ဦးကိုဂုဏ်ပြု​ငွေချီးမြှင့်စဥ်။ဓါတ်ပုံ-PDF-Zoland)

တီးတိန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် MA-3 သေနတ်နှစ်လက်နှင့်ကျည်တောင့် နှစ်ရာကျော် ယူဆောင်လာပြီး ပြည်သူနှင့် လာရောက်ပူးပေါင်းသည်ဟု PDF- Zoland က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်သားနှစ်ဦးသည် သြဂုတ်လ ၂၀ရက်က တာဝန်ချိန်အတွင်းလက်နက်ခဲယမ်းများယူဆောင်ကာ ထွက်ပြေးလာခြင်းဖြစ်သည်။

“သူတို့ စနစ်တကျဆက်သွယ်လာပြီး ပူးပေါင်းလာတာ။ ‌ဆုကြေးလည်း ချီးမြှင့်လိုက်တယ်။ လွတ်မြောက်နယ်မြေလည်း ပို့လိုက်တယ်လို့ သိရတယ်။ တကယ်ပူးပေါင်းချင်ရင် လမ်းတွေ ဖွင့်ထားပါတယ်”ဟု တီးတိန်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ရဲတပ်သားနှစ်ဦးက MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာခဲ့ရာ ဆုကြေးငွေ ကျပ် ၁၀၀သိန်း ချီးမြှင့်ခဲ့သည်ဟု PDF- Zolandက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

သတင်း

ငလျင်ဘေးအတွက် နိုင်ငံတကာမှ ပေးပို့သော လူသားချင်းစာနာမှူ အကူအညီများကို စစ်ကောင်စီက နိုင်ငံရေး စစ်ရေးလက်နက်အတွက် အသုံးပြုခြင်းမှကာကွယ်နိုင်ရန် "လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ်” (STOP WoA) လှုပ်ရှားမှုကို ပြုလုပ်မည်ဟု ပြည်တွင်း၊ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ခု ယနေ့ ထုတ်ပြန်ကြေညာသည်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။