Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့မရဲစခန်းမှ ရဲ ၂ ဦး လက်နက်နှင့်ကျည်များယူ​ဆောင်လာပြီး ပြည်သူနှင့်ပူး​ပေါင်း

စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်သားနှစ်ဦးသည် သြဂုတ်လ ၂၀ရက်က တာဝန်ချိန်အတွင်းလက်နက်ခဲယမ်းများယူဆောင်ကာ ထွက်ပြေးလာခြင်းဖြစ်သည်။

(ပြည်သူနှင့် ပူး​ပေါင်းလာ​သော ရဲ နှစ်ဦးကိုဂုဏ်ပြု​ငွေချီးမြှင့်စဥ်။ဓါတ်ပုံ-PDF-Zoland)
(ပြည်သူနှင့် ပူး​ပေါင်းလာ​သော ရဲ နှစ်ဦးကိုဂုဏ်ပြု​ငွေချီးမြှင့်စဥ်။ဓါတ်ပုံ-PDF-Zoland)

တီးတိန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် MA-3 သေနတ်နှစ်လက်နှင့်ကျည်တောင့် နှစ်ရာကျော် ယူဆောင်လာပြီး ပြည်သူနှင့် လာရောက်ပူးပေါင်းသည်ဟု PDF- Zoland က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်သားနှစ်ဦးသည် သြဂုတ်လ ၂၀ရက်က တာဝန်ချိန်အတွင်းလက်နက်ခဲယမ်းများယူဆောင်ကာ ထွက်ပြေးလာခြင်းဖြစ်သည်။

“သူတို့ စနစ်တကျဆက်သွယ်လာပြီး ပူးပေါင်းလာတာ။ ‌ဆုကြေးလည်း ချီးမြှင့်လိုက်တယ်။ လွတ်မြောက်နယ်မြေလည်း ပို့လိုက်တယ်လို့ သိရတယ်။ တကယ်ပူးပေါင်းချင်ရင် လမ်းတွေ ဖွင့်ထားပါတယ်”ဟု တီးတိန်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ရဲတပ်သားနှစ်ဦးက MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာခဲ့ရာ ဆုကြေးငွေ ကျပ် ၁၀၀သိန်း ချီးမြှင့်ခဲ့သည်ဟု PDF- Zolandက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။