Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ကာလအလွန် လားရှိုးမြို့ကို MNDAA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်

ကိုးကန့်တပ်မတော်(MNDAA)က ၄ရက်ကြာ အပစ်ရပ်ကြေညာမှု ပြီးဆုံးသွားပြီဖြစ်သည့် ယနေ့ ဇူလိုင် ၁၉ရက် နံနက်တွင် လားရှိုးမြို့၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ဖုန်းအဆက်အသွယ်များလည်း ပြတ်တောက်နေသည်ဟု သတင်းရရှိသည်။

လားရှိုးမြို့၌ တိုက်ပွဲဖြစ်နေသည်ကို ဇူလိုင် ၁၇ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ

ဟန်နွေ၊ မိထက်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က ၄ရက်ကြာ အပစ်ရပ်ကြေညာမှု ပြီးဆုံးသွားပြီဖြစ်သည့် ယနေ့ ဇူလိုင် ၁၉ရက် နံနက်တွင် လားရှိုးမြို့၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ဖုန်းအဆက်အသွယ်များလည်း ပြတ်တောက်နေသည်ဟု သတင်းရရှိသည်။

MNDAAက ဇူလိုင် ၁၄ရက်ညပိုင်းမှ ဇူလိုင် ၁၈ရက် ညပိုင်းအထိ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း အဆိုပါရက်အတွင်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အပစ်ရပ်ကာအလွန် ယနေ့တွင် MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့အဝင် မုဒ်ဦးအနီး ခလရ(၄၁) တပ်ရင်းဘက်၌ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး မြို့တွင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီ‌‌မြေသတင်းဌာနက ယနေ့ နံနက်တိုက်ပွဲအခြေနေကိုရေးသားဖော်ပြထားသည်။

” MNDAA တောက်လျှောက်ဝင်နေပြီ။ စစ်တပ်ကလည်း လေကြောင်းကနေ ပစ်တယ်။ တိုက်ပွဲက နှစ်ဘက် အပြင်းအထန်ဖြစ်နေပေမယ့် စကစက ခံစစ်ပဲ ရှိတာ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်ရန် ခက်ခဲနေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။ ထို့ပြင် လားရှိုးမြို့ ရပ်ကွက်(၁)၌ နံနက် ၅နာရီကတည်းက ယခု နေ့လည်ပိုင်းထိ ပစ်ခတ်မှုများ ရှိနေသည်ဟုသတင်းရရှိသည်။

MNDAA နည်းတူ တအာင်းတပ်မတော်(TNLA)ကလည်း ဇူလိုင် ၁၄ရက်မှ ၁၈ရက်ညပိုင်းအထိ ၄ရက်ကြာ အပစ်ရပ်ကြေညာခဲ့သည်။

သို့သော်လည်း ၄ရက်ဆက်တိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အပစ်ရပ် ၄ရက်တာအတွင်း မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့နယ်များ၌ အဓိက တိုက်ပွဲများ ဖြစ်ခဲ့ပြီး တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယမန်နေ့ညတွင် ပြောပြသည်။ထို့ပြင် မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အချို့ရရှိခဲ့ဟု TNLAက ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။

ယနေ့တွင် TNLAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု ရှိ၊မရှိ အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

(လားရှိုးမြို့၌ တိုက်ပွဲဖြစ်နေသည်ကို ဇူလိုင် ၁၇ရက်က တွေ့ရစဉ်။ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။