Connect with us

Hi, what are you looking for?

သတင်း

လားရှိုးရှိ စစ်အင်ဂျင်နီယာတပ်နှင့် ခလရ(၄၁) တပ်ရင်းများ သိမ်းပိုက်နိုင်မှု ရုပ်သံ MNDAA ထုတ်ပြန်

ခလရ(၄၁)တပ်ရင်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာသိမ်းရ

ဟန်နွေ/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကိုးကန့်တပ်မတော်(MNDAA)က ၎င်းတို့ သိမ်းပိုက်ရရှိထားသည့် တပ်ရင်းအချို့ နှင့် စစ်ကောင်စီတပ်စွဲရာနေရာအချို့မှ လက်နက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိမှုကို အသိပေးထုတ်ပြန်ခဲ့ပြီး လားရှိုးမြို့တွင်းကင်းလှည့်နေမှုကိုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့ (၉၁၂) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း ကို သိမ်းပိုက်ရရှိထားပြီး အဆိုပါ တပ်ရင်းအတွင်း MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်အလံလွှင့်ထူမှုကို ဖော်ပြထားသည်။ အဆိုပါရုပ်သံတွင် တပ်ရင်းအတွင်းရှိ စစ်သုံးကားနှင့် စက်ယန္တရားများကိုလည်း တွေ့ရသည်။

ဇူလိုင် ၂၆ရက် ညနေပိုင်းက MNDAA အမြောက်တပ်ရင်းများ ပူးပေါင်း၍ လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ည ၇နာရီခွဲတွင် တိုးဂိတ်ကို အောင်မြင်စွာသိမ်းနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

လက်ရှိတွင် ကျဆုံးနေသည့် ရန်သူအကြွင်းအကျန်များကို ရှင်းထုတ်နေကြောင်း ဖော်ပြသည်။

အဆိုပါ တိုးဂိတ်သိမ်းပိုက်နိုင်မှု ရုပ်သံကို ဖော်ပြရာ သိမ်းပိုက်ရရှိခဲ့သည့် လက်နက်များနှင့်အတူ အောင်ပွဲခံနေသည့် ကိုးကန့်တပ်ဖွဲ့ရဲဘော်များကို တွေ့ရသည်။

ခလရ(၄၁) တပ်ရင်းကို MNDAAက သိမ်းပိုက်နိုင်ခဲ့သည့် ရုပ်သံကို ဖော်ပြခဲ့ရာ တပ်ရင်းရှေ့၌ အောင်ပွဲခံနေသည့် MNDAA ရဲဘော်များ ၊ တပ်ရင်းအတွင်း MNDAA အလံကိုင်ဝင်ရောက်သွားသည့် ရဲဘော်များကိုလည်း တွေ့ရပြီး တပ်ရင်းအတွင်းရှိ အလံတိုင်တွင် MNDAA အလံ လွှင့်ထူခဲ့သည်။

ထို့ပြင် တိုက်ပွဲကြောင့် ခလရ(၄၁) တပ်ရင်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်း ပြသထားသည်။တပ်ရင်းအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများစွာ၏ မှတ်တမ်းကိုလည်း ဖော်ပြထားသည်။

လားရှိုးမြို့ကို ကင်းလှည့်နေသည့် ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ရာ မြို့တော်ခန်းမရှေ့ MNDAA အလံလွှင့်ထူခဲ့ပြီး ဆေးရုံ၊ မြို့တွင်းနေရာများ၊ ရဲစခန်း၊ထွေအုပ်ရုံးနေရာများ၌ MNDAA ရဲဘော်များ အောင်ပွဲခံနေမှုကို တွေ့ရသည်။

MNDAAသည် ဇူလိုင် ၂၅ရက်နံနက်တွင် လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာကာ မြို့အုပ်ချုပ်ရေးကို MNDAAက စီမံဆောင်ရွက်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။