Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ ခလရ(၆၈)ကို တိုင်းရင်းသားတပ်မဟာ (၆၁၁)က သိမ်းယူခဲ့ဟု ကိုးကန့်တပ် MNDAA အသိပေး

ကိုးကန့်တပ်မတော်(MNDAA)၏ တိုင်းရင်းသားတပ်မဟာ(၆၁၁)က လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၆၈)ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

လားရှိုးအခြေစိုက် ခလရ(၆၈)တပ်ရင်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

စစ်ကောင်စီကား ၁၀စီးနှင့် လက်နက်ခဲယမ်းများရ၊ လားရှိုး ဆင်တောင်ထိပ်ရှိ စစ်ကောင်စီ အသံလွှင့်ကုန်းမြင့်စခန်းရဟု ဖော်ပြ
ခလရ ၆၈ စခန်းသိမ်းတိုက်ပွဲတွင် BPLA ၊PLA ၊MNDAA နှင့်မဟာမိတ်ပူးပေါင်းတပ်များပါဝင်ဟု BPLA ထုတ်ပြန်

ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)၏ တိုင်းရင်းသားတပ်မဟာ(၆၁၁)က လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၆၈)ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ တိုင်းရင်းသားတပ်မဟာသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း MNDAA က ကိုးကန့်သာမက အခြားသောတိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုဖွဲ့ထားသည့် တပ်မဟာဖြစ်ပြီး လားရှိုးမြို့သိမ်းတိုက်ပွဲ၌ တိုင်းရင်းသား တပ်မဟာ(၆၁၁)က တပ်စခန်း သိမ်းပိုက်နိုင်မှုကို ပထမဆုံးအကြိမ် အသိပေးခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၇ရက် ညနေ ၅နာရီတွင် MNDAA၏ ၆၁၁ တိုင်းရင်းသားတပ်မဟာက မင်းအောင်လှိုင် အာဏာသိမ်း စစ်တပ်၏ ခလရ(၆၈)အတွင်းရှိ စခန်းအားလု့းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀စီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိနိုင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ကိုးကန့်တပ်ဖွဲ့က ခလရ(၆၈)အလံတိုင်တွင် ကိုးကန့်တပ်ဖွဲ့အလံ လွှင့်ထူခဲ့ပြီး သိမ်းဆည်းလက်နက်ခဲယမ်း အချို့နှင့် စစ်ကားများကို ဖော်ပြခဲ့သည်။ ခလရ (၆၈)နှင့် ခလရ(၄၁)တို့ကို MNDAAက ယခင်ရသတ္တပတ်အတွင်းကတည်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံကအချို့က ပြောသော်လည်း MNDAA ယခု ရက်ပိုင်းအတွင်း သိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MNDAAသည် ဇူလိုင် ၂၇ရက် နံနက်တွင်လည်း လားရှိုးမြို့ ဆင်တောင်ထိပ်ရှိ စစ်ကောင်စီ အသံလွှင့် ကုန်းမြင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးထားသည်။

MNDAAသည် လားရှိုးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားပြီး တစ်ချိန်တည်းတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်ဖွဲ့ဝင် အကြွင်းအကျန် ရန်သူများကို ရှင်းလင်းရန် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

လားရှိုးရှိ စစ်ကောင်စီ၏ ရမခတိုင်းစစ်ဌာနချုပ် ကို သိမ်းပိုက်ပြီး လားရှိုးမြို့အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူကြောင်း MNDAAက ဇူလိုင် ၂၅ရက်ကတည်းက ထုတ်ပြန်ခဲ့သော်လည်း ယင်းနောက်ပိုင်း၌ တိုက်ပွဲများ ဆက်ဖြစ်နေပြီး လားရှိုး ရှိ စစ်ကောင်စီတပ်စခန်းများကို ထပ်မံ သိမ်းပိုက် မှုများ အသိပေးခဲ့သည်။

MNDAAတပ်သည် လားရှိုးမြို့တော်ခန်းမ၊ရဲစခန်း၊ တပ်ရင်း (၄၁)၊ (၉၁၂)အင်ဂျင်နီယာ တပ်ရင်း တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ယမန်နေ့က အသိပေးထားသည်။

ထို့ပြင် လားရှိုးမြို့ဆေးရုံကြီး၊ မြို့တွင်း အခြားနေရာများသို့ MNDAA တပ်များ ဝင်ရောက်နေရာယူထားမှုကိုလည်း အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်သူအကြွင်းအကျန်များကို ရှင်းထုတ်ရန် စစ်ရေး စစ်ဆင်ရေးများ ဆက်လက် ဆင်နွှဲလျက် ရှိကြောင်း ထုတ်ပြန်ထားပြီး အထူးအုပ်ချုပ်ရေးဒေသ(၁)အစိုးရ၏ အုပ်ချုပ်မှုယန္တရားကိုလည်း စနစ်တကျ လုပ်ဆောင်လျက် ရှိနေဟု ဖော်ပြသည်။

လားရှိုးအခြေစိုက် ခလရ(၆၈)တပ်ရင်းအား မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက ဇူလိုင်၂၇ ရက် ညနေပိုင်းတွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု BPLAက ထုတ်ပြန်ထားသည်။

လားရှိုးအခြေစိုက် ခလရ(၆၈)တပ်ရင်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။