Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မည်ဆိုသည်မှာ သတင်းအမှားဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

သတင်းအတုပြုလုပ်ဖြန့်ဝေနေသူများအား ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

ဟန်နွေ/People’s Spring

နိုင်ငံတော်မှခွဲထွက်ခြင်းဟူသည့်သတင်းအတုနှင့်ပတ်သက်၍ ကိုးကန့်တပ်မတော်(MNDAA)ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်းတပ်မတော်(TNLA)တို့က ယနေ့(ဇူလိုင် ၂၈ရက်) နေ့စွဲဖြင့်ထုတ်ပြန်လိုက်ပြီး ကျူးလွန်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ပြင်းထန်စွာ အရေးယူခံရမည်ဟု သတိပေးသည်။

Public Service Announcement

Public Service Announcement

အသိဉာဏ်မဲ့ပြီး အောက်တန်းကျသည့် ပုဂ္ဂိုလ်တချို့သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီးနိုင်ငံအသစ် ထူထောင်တော့မည်ဟူသော ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်မှ တဆင့် ထုတ်ပြန်မှုပြုလုပ်နေသည်ဟု ဖော်ပြသည်။

ညံ့ဖျင်းလှသော တရုတ်ဘာသာ အရေးအသားဖြင့်လည်းကောင်း၊ တိကျ မှန်ကန်မှု မရှိသောရေးပုံရေးနည်း ၊ Photoshop တို့ဖြင့်လည်းကောင်း မိမိတို့ အဖွဲ့အစည်းများ၏ တံဆိပ်များကို အသုံးပြုပြီး ၁၀စောင်ထက်မနည်းသော ထုတ်ပြန်ချက်များကို သတင်းအချက်အလက် အတုများဖြင့်ဆက်သွယ်ရေး လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခြင်းများကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ် လျက်ရှိဟု ဆိုသည်။

ထိုသို့ ပြုလုပ်ရခြင်းမှာ တိုက်ပွဲတိုင်းအောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးရန် ၊အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူအနားယူခွင့်ရရှိစေရန် ရည်ရွယ်ပြီးလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ထို့ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဤကဲ့သို့ အသိဉာဏ်မဲ့အောက်တန်းကျပြီးနိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသော ပုဂ္ဂိုလ်(သို့မဟုတ်)အစုအဖွဲ့(သို့မဟုတ်)အဖွဲ့အစည်းများအား ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးခဲ့သည်။

ညီနောင်သုံးဖွဲ့တို့၏ အဖွဲ့အစည်းအမည်၊တံဆိပ်တုံးများကို အသုံးပြုပြီး သတင်းအချက်အလက် အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက်ထရွန်နစ်ဥပဒေနှင့် လူ့ဘောင်အဖွဲ့အစည်းစနစ်ကိုပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း လည်း ဖော်ပြသည်။

ဆက်သွယ်ရေးလူမှုကွန်ရက်သည် ဥပဒေလွတ်ကင်းသည့် နေရာမဟုတ်ကြောင်း ဆက်သွယ်ရေး လူမှုကွန်ရက်သည် Memory ရှိကြောင်း၊ သတင်းအတုများကို ထုတ်ပြန်နေသောသူများ၏ IP addressမှ တဆင့်စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ နောက်နောက် တချိန်တွင် မိမိတို့အဖွဲ့အစည်းများအပေါ် တိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သော လုပ်ရပ်များကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်းသတိပေး ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် TNLAနှင့်MNDAA တို့က ရှမ်းမြောက်၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာ ဇူလိုင်လအတွင်း မိုးကုတ်၊နောင်ချိုမြို့များအား TNLAက အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲ ၊ မိုးမိတ်မြို့နယ်များကိုလည်း အများစုထိန်းချုပ်ထားသည်။

ကိုးကန့်တပ် MNDAAကလည်း လားရှိုးမြို့အား သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာကာ မြို့အုပ်ချုပ်ရေးဖော်ဆောင်မည်ဟု အသိပေးထားသည်။

အလားတူ ရက္ခိုင့်တပ်တော်(AA)အနေဖြင့်လည်း ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၉ခု၊ချင်းပြည်နယ်ပလက်၀တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ရက္ခိုင်ရှိ ကျန်မြို့နယ်များကိုလည်း အလုံးစုံသိမ်းယူနိုင်ရန် တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။