Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ပြည်သူများလုံခြုံရေးအတွက် MNDAAက အထူးဒေသ(၁)ရဲများ ထပ်မံစေလွှတ်

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေး အသင်းဝင်များက လားရှိုးမြို့ပြည်သူများလုံခြုံရေးအတွက် စတင်တာဝန်ယူနေပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေးမှ ရဲဘော်များ လားရှိုးမြို့အတွင်း ဝင်ရောက်လာစဥ်။ ဓာတ်ပုံ - MNDAA

ထားမြတ်၊မိထက်/People’s Spring

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေး အသင်းဝင်များက လားရှိုးမြို့ပြည်သူများလုံခြုံရေးအတွက် စတင်တာဝန်ယူနေပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမြို့အတွင်း ကင်းလှည့်နေသည့်ဓာတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေးမှ ရဲဘော်များ လားရှိုးမြို့အတွင်း ဝင်ရောက်လာစဥ်။ ဓာတ်ပုံ – MNDAA

တိုက်ပွဲကြောင့် မြို့ခံများစစ်ရှောင်နေချိန် နေအိမ်များ၊စျေးဆိုင်များကိုဖောက်ထွင်းခိုးယူမှု ပြုလုပ်နေသူများရှိသည်ဟု ဒေသခံအချို့က အသိပေးထားသည်။

ထို့ပြင် MNDAA၏ ယနေ့ထုတ်ပြန်ချက်၌ မြို့ပေါ်ရှိ စတိုးဆိုင်တစ်ခုအား ဖောက်ထွင်းကာပစ္စည်းများ ယူဆောင်နေသူများအားတားဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

” ဒီနေ့လည်း ဆက်ချတယ်။ ကိုးကန့်က လိုက်ရှင်းနေတာ။ မန်စီကျောင်းနားက လူ‌တွေကို ကိုးကန့်က ခဏရှောင်ခိုင်းထားတယ်။ ၀ကတော့ သူ့ ဆက်ဆံရေးရုံးမှာပဲ ရှိနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ ရပ်ကွက်(၇)ရှိ စတိုးဆိုင်တစ်ဆိုင်အား လူများက လုယက်နေကြောင်းကို MNDAAနိုင်ငံရေးဌာန၏ရှေ့တန်းအလုပ်အဖွဲ့က အချိန်မီဟန့်တား၍ ဆိုင်ရှင်၏ဆုံးရှုံးမှုကို လျော့နည်းစေသည်ဟု ဖော်ပြသည်။

လားရှိုး ရပ်ကွက်(၇)တွင် လူအများက ကုန်ပစ္စည်းများ သယ်ဆောင်မှုကို သံသဖြစ်ဖွယ်တွေ့ရှိ၍ စုံစမ်းခဲ့ရာ လားရှိုးမြို့ ရပ်ကွက်(၇) ၊ ၁၄ လမ်းရှိ နေအိမ်တစ်အိမ်၏ တံခါးသော့အား အတင်းအဓမ္မဖောက်ထွင်းထားရာ ကုန်ပစ္စည်း အများအပြားရှိနေသည်ကို တွေ့ရှိရကြောင်း၊ လမ်း၌တွေ့ရသည့် ကုန်ပစ္စည်းသယ်ယူသူ အားလုံးသည် ယင်းအိမ်ပိုင် ကုန်ပစ္စည်းခိုးယူလုယက်ကြသူဖြစ်ပြီ လမ်းမှာ ကုန်ပစ္စည်းသယ်ယူသူ လူဦးရေ (၃၀)ဦးခန့်ရှိကြောင်း ဖော်ပြသည်။

အဆိုပါ တရားမဝင်ခိုးယူမှုကို ချက်ချင်းဟန့်တားကာ လုယက်သူများကို မောင်းထုတ်ခဲ့ကြောင်း၊ ကုန်ပစ္စည်းအမြောက်အမြားကို လမ်းဘေးသို့ ရွှေ့ထားပြီးဖြစ်၍ ရှေ့တန်းအလုပ်အဖွဲ့သည် ကုန်ပစ္စည်းများ အိမ်ရှင်သို့ပြန်ပို့ရာအတွက်ကူညီရန် အနီးနားရှိလူများကို ဆင့်ခေါ်ခဲ့ကြောင်း ထုတ်ပြန်သည်။

မည်ကဲ့သို့အခက်အခဲများ ကြုံတွေ့နေရပါစေ ခိုးယူခြင်းကို မပြုသင့်ကြောင်းနှင့် ခိုးယူလုယက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားကြောင်း MNDAA တပ်မှူးကအခြား နေရာမှ ပြည်သူများကိုပြောကြားခဲ့သည်ဟုလည်း အသိပေးထားသည်။

လက်ရှိတွင် လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ်လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်ချထားပြီး ယင်းလုယက်ခိုးယူမှုအပြုအမူကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးသည်။

စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးထောက်ပံ့မှုစသည်ဖြင့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များကလည်း အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီစခန်းများကို MNDAAက တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေစဉ် ဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တပ်ဖွဲ့ဝင် ၅၀၀ခန့်က ဇူလိုင် ၂၇ရက်ည၌ ဝင်ရောက်နေရာယူခဲ့သည်။

ဇူလိုင် ၂၈ရက် နေ့လယ်ပိုင်းတွင် “ဝ”တပ်ဖွဲ့ဝင်အချို့ ပြန်လည်ထွက်ခွာသွားကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။ ဆက်ဆံရေးရုံးကို လုံခြုံရေးယူရန်အတွက် အင်အား ၁၀၀ခန့်သာ ကျန်ရှိခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။