Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် တော်လှန်​ရေးတပ်များက ယူကရိန်းထုတ်သံချပ်ကာယာဥ်သိမ်းဆည်းရရှိ

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ဦး​ဆောင်​​​သော ​တော်လှန်​ရေးတပ်များ ဇူလိုင် ၂၈ ရက်က စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော သံချပ်ကာယာဥ်သည် ယူကရိန်းနိုင်ငံထုတ် ​ BTR -3U ဖြစ်​နေသည်ကို​တွေ့ရသည်။

လားရှိုးရှိစစ်တပ်မှသိမ်းဆည်းရ​သောယူကရိန်းနိုင်ငံထုတ် BTR-3U သံချပ်ကာနှင့် BPLA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-BPLA)

ဒီပ/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ဦး​ဆောင်​​​သော ​တော်လှန်​ရေးတပ်များ ဇူလိုင် ၂၈ ရက်က စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော သံချပ်ကာယာဥ်သည် ယူကရိန်းနိုင်ငံထုတ် ​ BTR -3U ဖြစ်​နေသည်ကို​တွေ့ရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် လားရှိုးမြို့အခြေစိုက် အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းအပါအဝင် အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ၊ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်တပ်ဂေါက်ကွင်း တို့ကို ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင်သိမ်းပိုက်နိုင်ခဲ့​ကြောင်း BPLA ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းသည့် ​နေ့တွင်​ နေပြည်​တော်၌ အသုံးပြုခဲ့​​သော BTR-3U။ဓါတ်ပုံ- File Photo

အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများတွင် ယူကရိန်းနိုင်ငံထုတ် BTR-3U သံချပ်ကာယာဥ်ပါဝင်​နေသည်ကို သတင်းဓါတ်ပုံတွင်​တွေ့ရသည်။

စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၀ခုနှစ်အတွင်း စစ်တပ်က ယူကရိန်းမှ BTR 3U အစီး​ရေများစွာဝယ်ယူခဲ့ပြီး အဆိုပါသံချပ်ကာယာဥ်များဝယ်ယူရန် ဘက်ဂျက် ​ဒေါ်လာသန်း ၅၀၀ ​​ကျော်သုံးစွဲခဲ့​ကြောင်း နိုင်ငံတကာစစ်လက်နက်​စောင့်ကြည့်​​ရေးဝက်ဆိုက်များက​ဖော်ပြသည်။

အဆိုပါသံချပ်ကာယာဥ်သည် အရှည် ၂၅ ​ပေ ၁၀လက်မ ၊ အမြင့် ၉ ​ပေ ၂ လက်မ ၊ အကျယ် ၉​ပေ ၆ လက်မ ၊ ယာဥ်အ​လေးချိန် ၁၆ တန်ရှိ​ကြောင်းစစ်တပ်ကထုတ်ပြန်ထား​သောအချက်အလက်များအရသိရသည်။တိုက်ယာဥ်အဖွဲ့သား ၃ ဦး စီးဖြစ်ပြီး ထပ်​ဆောင်း ၆ ဦးထပိမံစီးနင်းနိုင်​သောသံချပ်ကာလူသယ်ယာဥ်ဖြစ်သည်။သံချပ်ကာယာဥ်တွင် ၃၀ မမ စက်အ​မြောက် နှင့် ၇.၆၂ စက်​သေနက် တပ်ဆင်ပစ်ခတ်နိုင်သည်။

BTR-3U သံချပ်ကာယာဥ်များကို ယူကရိန်း၊ကာကွယ်​ရေးဝန်ကြီးဌာန လက်​​အောက်ရှိ Kharkiv Morozov Machine Buliding Design Bureau ကထုတ်လုပ်ထားခြင်းဖြစ်သည်။ ယူကရိန်းက မြန်မာအပါအဝင် အဇာဘိုင်ဂျန် ၊ နိုင်ဂျီးရီးယား ၊ထိုင်း ၊ဆူဒန် ၊ရုရှား ၊ ယူ​အေအီး စ​သောနိုင်ငံများသို့ ​ရောင်းချခဲ့သည်။ မြန်မာစစ်တပ်သည် ယူကရိန်းထံမှ BTR-3U အများဆုံးဝယ်ယူ​သောနိုင်ငဲတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅-၂၀၁၆ ကိုးကန့်စစ်ပွဲတွင် ထိုသံချပ်ကာယာဥ်များ၏ စွမ်း​​ဆောင်ရည်ကို သ​ဘောကျ၍ အစီး​ရေတိုးဝယ်လိုပြီး ယူကရိန်းနှင့်ပူးပေါင်း ပြည်တွင်၌ပင်တပ်ဆင်ထုတ်ထုတ်ရန် စိတ်ကူးခဲ့​ကြောင်း defence-blog က​ ဖော်ပြသည်။

၁၀၂၇ ပထမလှိုင်းက MNDAAသိမ်းရ​ခဲ့​သော BTR-3U (ဓါတ်ပုံ- MNDAA)

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့တွင် ​နေပြည်​တော် လမ်းမကျယ်ကြီးများကို ပိတ်၍ သံချပ်ကာယာဥ်များရပ်၍ စစ်သားများက လုံခြုံ​ရေးယူခဲ့ရာတွင် BTR-3U သံချပ်ကာယာဥ်များကိုအသုံးပြုခဲ့သည်။

၂၀၁၅ ကိုးကန့်စစ်ပွဲတွင်အသုံးပြုခဲ့​သော ထိုသံချပ်ကာယာဥ်များကိုMNDAA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များကယခုအခါသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။

၁၀၂၇ ပထမလှိုင်းတိုက်ပွဲများတွင်လည်း MNDAA က စစ်​​ကောင်စီတပ်ထံမှ ယူကရိန်းနိုင်ငံထုတ် BTR-3U နှင့် MT-LBMSh သံချပ်ကာယာဥ်များကိုသိမ်းဆည်းနိုင်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။