Connect with us

Hi, what are you looking for?

သတင်း

သံတွဲနှင့် ဂွမြို့အနီးပင်လယ်ပြင်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် AA ကြေညာ

သံတွဲတွင် စစ်ကောင်စီအင်အားဖြည့်နေ၍ နေရာအချို့၌ တိုက်ပွဲဆက်ရှိ၊ ဂွနှင့်တောင်ကုန်မြို့များသိမ်းယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် သံတွဲ၊ဂွမြို့ ပင်လယ်ပြင်အတွင်း ယနေ့ (ဩဂုတ် ၁ရက်)ကစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးကြောင်း အာရက္ခတပ်တော်(AA)က အသိပေး ကြေညာသည်။

စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သား မော်တော်ဘုတ်များ အသုံးပြုပြီးရေကြောင်းမှ စစ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိ၍ ရန်သူ၏ သံတွဲနှင့် ဂွပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ထဲ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်နေမှု များကို အထောက်အကူ ပြုနေသော အရပ်ဘက်မော်တော်ဘုတ်များ၊ လောင်းလှေများ၏ သွားလာမှုကို ယနေ့ကစ၍ အကန့်အသတ်မရှိ အရေးပေါ် ပိတ်ပင်လိုက်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အရပ်သား မော်တော်ဘုတ်များအနေဖြင့် စစ်ကောင်စီ၏ အကျပ်ကိုင်ဖိအားပေး ခိုင်းစေခြင်းမျိုးလိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ရန်လည်း အထူးသတိပေးကြောင်း ဖော်ပြသည်။

ထို့အပြင် အရေးပေါ် ကျန်းမာရေး သို့မဟုတ် မဖြစ်မနေသွားလာရမည့်ကိစ္စများရှိပါက သက်ဆိုင်ရာ နီးစပ်ရာ အုပ်ချုပ်ရေးမှူး နယ်မြေမှူးများဆက်သွယ်၍ AAက သတ်မှတ်ထားသည့်လမ်းကြောင်း၊ အမှတ်အသားများ ပြုလုပ်သွားလာရမည်ဟုလည်း ထုတ်ပြန်သည်။

သို့သော် AAက လုံခြုံရေးယူထားသည့်နေရာများ၌ ကြည်ဖြူစွာ စစ်ဆေးခြင်းခံယူရမည်ဟုလည်း ဖော်ပြသည်။

ကြေညာချက်အား မရုတ်သိမ်းမချင်း ပြည်သူများအနေဖြင့် သံတွဲနှင့် ဂွမြို့များအနီး ပင်လယ်ပြင်အတွင်း ဖြတ်သန်းသွားလာခြင်း လုံး၀မပြုလုပ်ရန် အသိပေးကြောင်းလည်း ထပ်လောင်း အသိပေးထားသည်။

AA အနေဖြင့် သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး၊ ငပလီ(မဇင်လေဆိပ်)၊ သံတွဲ ဟိုတယ်ဇုန် အပါအဝင် နေရာအများစုအား ဇူလိုင် ၁၆ရက်က သိမ်းပိုက်ထားခြင်းဖြစ်သည်။ AAသည် သံတွဲရှိ ခလရ(၅၅) တပ်ရင်းကို ဇူလိုင် ၉ရက်၊ ခမရ (၅၆၆) အား ဇွန်လ ၂၇ရက်တို့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြပြင်၊ ဂျိတ်တော အပါအဝင် စစ်ကောင်စီတပ် လက်လွှတ်ဆုံးရှုံးထားသည့် စခန်းများနှင့် သံတွဲမြို့အား ပြန်လည်ရယူနိုင်ရေးစစ်ကောင်စီက အရပ်သားအယောင်ဆောင် စစ်အင်အားထပ်မံ ဖြည့်တင်းနေသည်ဟု AAက ထုတ်ပြန်သည်။ထို့ကြောင့် မြပြင် ၊ ဂျိတ်တော၊ကွင်းဝိုးနေရာများ၌ တိုက်ပွဲရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်ဟု အသိပေးသည်။

စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ်စခန်း နှင့် ဘင်္ဂလားပင်လယ်ပြင်ထက်၌ တပ်စွဲထားသော ရေတပ် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးပစ်ကူများနှင့်အတူ သံတွဲမြို့အား ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

AA အနေဖြင့် သံတွဲမြောက်ဘက်ရှိ တောင်ကုတ်မြို့နှင့် တောင်ဘက်တွင်ရှိသောဂွမြို့ စစ်ကောင်စီ အခြေစိုက် စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်နေသည့် စစ်ကောင်စီစခန်းအားလုံးကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။