Connect with us

Hi, what are you looking for?

သတင်း

တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား PDFများ သိမ်းပိုက်

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း နွားထိုးကြီး Nayogyi People Defense Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SA/NPDF

ဇေအောင်/People’s spring

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း နွားထိုးကြီး Nayogyi People Defense Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယနေ့(သြဂုတ် ၂၀ ရက်) ညနေ ၃ နာရီခန့်ကစတင်ကာ တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း နွားထိုးကြီး Nayogyi People Defense Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/482530278065842

“အာဏာမသိမ်းခင်ကတည်းက ရှိတဲ့စခန်းဗျ။ အင်အားကတော့ ၁၅ယောက် ဝန်းကျင်လောက်ပဲရှိမယ်။ ဒီကနေ့ညနေ ၃ နာရီဝန်းကျင်လောက်က စတင်တိုက်ခိုက်တာ။ တိုက်ပွဲရယ်လို့ကောင်းကောင်းမဖြစ်လိုက်ရဘဲနဲ့ ဝင်ရောက်စီးနင်းလိုက်တဲ့အချိန်မှာ စကစတွေက ထွက်ပြေးသွားတာ။ စခန်းကိုတော့ ရလိုက်တယ်။ လက်နက်တွေဘာတွေတော့ ရလိုက်တာမရှိဘူး။ သူတို့ဘက်ကသေဆုံးမှုတော့မရှိနိုင်ဘူး။ လွတ်အောင်ပဲပြေးသွားတာဆိုတော့။”ဟု နွားထိုးကြီး NPDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီး PDFက ထပ်မံ အသိပေးသည်။

တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – SA/NPDF

အဆိုပါတိုက်ခိုက်မှုအား မြင်းခြံခရိုင်တပ်ရင်း(၄)နှင့် တပ်ရင်း(၁၀)၊ တံတားဦး ပကဖ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသည် တံတားဦးလေဆိပ်နှင့် (၁၃)မိုင်ခန့်အကွာတွင် တည်ရှိသည်။

သြဂုတ်၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – SA/NPDF

ထို့အပြင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံရပြီး ဗိုလ်ကြီးအပါအ၀င် ၁၀ ဦးသေဆုံးတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။