Connect with us

Hi, what are you looking for?

သတင်း

မြစ်ဖြတ်ပြီးထိုင်းဖက်က လျှပ်စစ်နဲ့ အင်တာနက် ခိုးသွယ်ဖို့ ကြိုးစားခဲ့သူတစ်ဦး မဲဆောက်မှာ အဖမ်းခံရ

ထိုင်းဖက်က ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး လိုင်းတွေကို​သောင်ရင်း မြစ်ကိုဖြစ်ပြီ တရားမဝင် ခိုးချိတ်ပြီး မြန်မာဖက်ကို သွယ်တန်းဖို့ ကြိုးစားခဲ့သူ တစ်ဦးကို ထိုင်းရဲတွေက နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရ​မိ​သော သက်​သေခံပစ္စည်းများ နှင့် အတူ​တွေ့ရစဥ်။ဓါတ်ပုံ-ဘန်​ကောက်ပို့စ်

ထိုင်းဖက်က ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး လိုင်းတွေကို​သောင်ရင်း မြစ်ကိုဖြစ်ပြီ တရားမဝင် ခိုးချိတ်ပြီး မြန်မာဖက်ကို သွယ်တန်းဖို့ ကြိုးစားခဲ့သူ တစ်ဦးကို ထိုင်းရဲတွေက နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။

ရွိုင်အတ် ဒေသမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဂျွန်ရက် လီလာဟာ မဲဆောက်မှာရှိတဲ့ သောင်ရင်း (ထိုင်းအမည် မွိုင်) မြစ်နားမှာ ကြိုးတွေ ခိုးသွယ်ဖို့ ရည်ရွယ်ထားတဲ့ ကိရိယာ တန်ဆာပလာတွေနဲ့အတူ စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို နှစ်နိုင်ငံ နယ်စပ် ပိုင်းခြားထားရာ မြစ်နားက ဘန်မယ်ကစ်မိုင် ကျေးရွာမှာ ထိုင်းစစ်တပ်နဲ့ ရဲတွေ ပူးပေါင်းထားတဲ့ အဖွဲ့က ဖမ်းမိခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူနဲ့အတူ သိမ်းဆည်းရမိတဲ့ထဲမှာ ရေရော့ကက် တစ်စင်းပါ ပါဝင်ခဲ့ပြီး အဲဒီ ကိရိယာဟာ မြစ်ကို ကျော်ဖြတ်ပြီး ကေဘယ်လ်ကြိုးတွေ လှမ်းချိတ်ဖို့ ပစ်ခတ်ရာမှာ အသုံးပြုလိမ့်မယ်လို့ ယူဆရကြောင်း ရဲတွေက ဆိုပါတယ်။

ဒါ့အပြင် သံပိုက် ၁၆ ချောင်း၊ ဝိုင်ယာကြိုးတွေနဲ့ ဖိုင်ဘာ ကေဘယ်လ်ကြိုး အခွေလိုက်၊ လေထိုးပိုက်၊ စက်သီး၊ ကြိုးတွေနဲ့ ခွတွေကိုပါ သူ့ဆီမှာ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

ဂျွန်ရက်ဟာ ဝိုင်ယာကြိုးတွေနဲ့ ဖိုင်ဘာကေဘယ်လ်တွေကို မြစ်ကမ်းနှစ်ဖက်ကြား ချိတ်ဆက် သွယ်တန်းဖို့အတွက် ရေရော့ကက်တွေကို အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ကြောင်း ရဲတွေက ပြောပါတယ်။

သူ့ကို မဲဆောက် ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲ စုံစမ်း မေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မဲဆောက်မြို့က ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေသော မြန်မာလူငယ်တစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။