Connect with us

Hi, what are you looking for?

သတင်း

မူဆယ် (၁၀၅)မိုင် စာသင်ကျောင်းရှိ ဆရာများကို MNDAAက ဆန်နှင့်ဆီ ထောက်ပံ့

ကိုးကန့်တပ်မတော်(MNDAA)၏ ကွတ်ခိုင်ခရိုင် မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီသည် မူဆယ် (၁၀၅)မိုင် ကျေးရွာအုပ်စုရှိ မြန်မာစာသင်ကျောင်းသို့ ဆန်နှင့် ဆီများ ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်သည်။

၁၀၅)မိုင် ကျေးရွာအုပ်စုရှိ မြန်မာ စာသင်ကျောင်းသို့ ဆန်နှင့် ဆီများ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)၏ ကွတ်ခိုင်ခရိုင် မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီသည် မူဆယ် (၁၀၅)မိုင် ကျေးရွာအုပ်စုရှိ မြန်မာစာသင်ကျောင်းသို့ ဆန်နှင့် ဆီများ ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီအာဏာသိမ်းမှုနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် လစာဖြင့် မလုံလောက်သည့် ဆရာများက မူဆယ်မြို့နယ် မဟာမိတ်တပ်ဖွဲ့ရုံးသို့ အကူအညီ တောင်းခံလာ၍ယင်းစာသင်ကျောင်းကို သွားရောက်ရန် အလုပ်အဖွဲ့ဖွဲ့စည်း စေလွှတ်ခဲ့ဟု အသိပေးသည်။

အလုပ်အဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၃ရက်)တွင် (၁၀၅)မိုင် မြို့နယ်ရှိ စာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ဆရာ၊ဆရာမများနှင့်ဆွေးနွေးခဲ့ကြောင်း၊ ယင်းနေ့၌ပင် ဆန်(၁)အိတ်နှင့် ဟင်းချက်ဆီ များ ပေးအပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ထောက်ပံ့ရာ၌ ဆန် ၂၃အိတ်နှင့် ဆီ ၂၃ပုံးကို ဆရာများထံ ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။

နောင်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီအဖွဲ့ထံ အကူအညီတောင်းခံနိုင်ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဟု အကြောင်းကြားခဲ့ဟု MNDAAက ထုတ်ပြန်သည်။

MNDAA လုပ်ငန်းအဖွဲ့၏ ခရီးစဉ်သည် စာသင်ကျောင်းမှ ဆရာဆရာမများအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု နှစ်ရပ်ကို ခံစားစေရုံသာမက မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီ၏ နွေးထွေးမှုနှင့် ဂရုစိုက်မှုကိုလည်း ပြည်သူများအား ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

MNDAAနှင့် မဟာမိတ်များသည် ၂၀၂၃ အောက်တိုဘာလက ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မူဆယ် ၁၀၅ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းဒေသ၌ တပ်စွဲထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။