Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆိုင်ကယ်စီး ဖုန်းလုယက်ပြေးသူ ၂ ဦီးကားနဲ့တိုက်ခံရပြီးသေဆုံး

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် မှာ ဆိုင်ကယ်သုံးပြီး ဖုန်းလုပြေးတဲ့ အမျိုးသား ၂ ဦးကားနဲ့တိုက်ခံရပြီးနေရာမှာတင် သေဆုံးသွားတဲ့ ဖြစ်စဉ် စက်တင်ဘာလ ၂၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် မှာ ဆိုင်ကယ်သုံးပြီး ဖုန်းလုပြေးတဲ့ အမျိုးသား ၂ ဦးကားနဲ့တိုက်ခံရပြီးနေရာမှာတင် သေဆုံးသွားတဲ့ ဖြစ်စဉ် စက်တင်ဘာလ ၂၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ၃၅ လမ်းမကြီး တောင်ဘက်ခြမ်း ၊ ၆၃ လမ်းပေါ်မှာ မနေ့ညပိုင်း ည ၇ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

၆၄ လမ်းနဲ့ လမ်း ၄၀ မှာ လင်မယား နှစ်ဦီးဆီက ဆိုင်ကယ်စီး လူငယ် ၂ ဦးက ဖုန်းလုပြေးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာတော့ ဖုန်းလုခံချိန် ပြန်လည်ဆွဲယူရာမှာ ဆိုင်ကယ်ပေါ်က လုယက် သူက ဓားနဲ့ခုတ်တာကြောင့် ဖုန်းပိုင်ရှင်အမျိုးသား ဦီးခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ ဖော်ပြပါတယ်။

အဲဒီနောက် လုယက်သူတွေရဲ့ဆိုင်ကယ်နောက်ကိုလိုက်ပြီး ကားနဲ့လိုက်ဖမ်းရာမှာ ၆၃လမ်း၊ ၃၅လမ်းနဲ့ ၃၆လမ်းအရောက် ဆိုင်ကယ်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ကားနဲ့လိုက်ဖမ်းတဲ့ သူရဲ့ အချက်အလက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ကားနဲ့တိုက်ခံရတာကြောင့် လုယက်သူ ၂ ဦးလည်း ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ ဒေသခံအချို့ က ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်မှာ တရားဉပဒေစိုးမိုး ပျက်ယွင်းသွားပြီး လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားသလို စစ်ကောင်စီ လက်အောက်ခံ ပျုစောထီးတွေ​ က လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေ လည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။