Connect with us

Hi, what are you looking for?

သတင်း

ချီဖွေစခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းများစွာရ

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-ကချင်​တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

ချီဖွေ ဗျူဟာကုန်းအပါအဝင် ဒေသတွင်းရှိ ပြည်သူ့စစ်စခန်း၊ စစ်ကောင်စီ စခန်းများကို စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်နေ့များ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ချီဖွေစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ဖော်ပြထားသည့် ရုပ်သံမှတ်တမ်းလည်း ယနေ့ညပိုင်း၌ စစ်ရေး သတင်းရင်းမြစ်အချို့ကလူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

“ချီဖွေစခန်းသိမ်းရတဲ့ဟာတွေဖြစ်ပါတယ် ဒါက” ဟု KIA ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးက သိမ်းရထားသည့် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ကျည်များ၊ စစ်အသုံးအဆောင်များ စုပုံထားသည်ကို ဖော်ပြသည့် ရုပ်သံ၌ပြောကြားခဲ့သည်။

KIA ပူးပေါင်းတပ်သည် ချီဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်း၌ သိမ်းပိုက်နိုင်သကဲ့သို့ ဆော့လော်မြို့ကိုလည်း အောက်တိုဘာ ၂ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်။ လေးရက်သာ ကြာမြင့်ခဲ့သည့် ချီဖွေနှင့် ဆော့လော် မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ ပြည်သူ့စစ်စခန်း စုစုပေါင်း စခန်း ၁၃ ခု သိမ်းပိုက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ချီဖွေနှင့် ဆော့လော် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားထားသည်။ အဆိုပါဒေသ စစ်ရေး အခြေအနေကို မေးမြန်းရန်KIA သတင်းပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က​မေးမြန်းရန်ကြိုးစား​​နေသော်လည်းဆက်သွယ်မရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။