Connect with us

Hi, what are you looking for?

သတင်း

တောင်ဦးရွာ SNAတပ်စခန်း KIA သိမ်းပိုက်၊ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းများသိမ်းရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(SNA တပ်စခန်းသိမ်းပိုက်မှုက ရတဲ့ ကျည်ခဲယမ်းတွေ။ ဓာတ်ပုံ - ပေးပို့)

အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

SNA ရဲ့ တပ်မဟာ(၉၇၂) တပ်ရင်(၄) ဌာနချုပ် တောင်ဦးစခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာ ၂၂ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ရာ အဲဒီစခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေအနက် လက်နက်ကြီးကျည်တွေနဲ့ ဗုံးသီးတွေ အခြား စစ်သုံးပစ္စည်းတွေရဲ့ မှတ်တမ်းပုံကို ဒီကနေ့ အောက်တိုဘာ ၂၃ရက် ညနေပိုင်းမှာ ဖော်ပြလာတာပါ။

ကျည်ခဲယမ်းတွေအပြင် လက်နက်တွေလည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

KIA ပူးပေါင်းတပ်အနေနဲ့ အောက်တိုဘာ ၁၉ရက် ကလည်း တောင်ဦးဒေသက SNA ခြေကုတ်ယူထားတဲ တာမယ်ပုတ်ရွာကိုလည်း သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ဒါ့အပြင် စက်တင်ဘာလကုန်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာအနီးရှိ SNA စခန်း ၂ခုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာပဲ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မှာ စစ်ကြောင်းထိုးလာတဲ စစ်ကောင်စီ တပ်နဲ့ SNA ပူးပေါင်းတပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ပါတယ်။

KIAနဲ့ စစ်တပ်ဟာ လတ်တလောမှာ ဗန်းမော်၊ မိုးမိတ်၊ ခေါင်လန်ဖူးဒေသမှာလည်း တိုက်ပွဲဖြစ်တာ စစ်ရေးတင်းမာတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။