Connect with us

Hi, what are you looking for?

သတင်း

ချီဖွေနှင့်ဆော့လော်မြို့ကို သိမ်းပိုက်ပြီးဟု KIA အတည်ပြု

စစ်ကောင်စီနှင့် ပြည်သူ့စစ်များစိုးမိုထားသည့် ကချင်ပြည်နယ် ချီဖွေမြို့နှင့် ဆော့လောမြို့တို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညတွင် အသိပေးဖော်ပြသည်။

KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ကချင်တောင်တန်း

“ စကစရဲ့ အရေးကြီးတဲ့စခန်းတွေက မရှိတော့ဘူးပေါ့နော်။ အဲဒီချီဖွေနဲ့ ဆော်လော်ဘက်ကိုတော့ ကျနော်တို့က နယ်မြေရှင်းလင်းရေးတွေ မြို့တွေရှင်းလင်းရေးတွေလုပ်နေတဲ့ အချိန်ကာလဖြစ်ပါတယ်”

— ဗိုလ်မှူးကြီးနော်ဘူ

ဟန်နွေ/People’s Spring

စစ်ကောင်စီနှင့် ပြည်သူ့စစ်များစိုးမိုထားသည့် ကချင်ပြည်နယ် ချီဖွေမြို့နှင့် ဆော့လောမြို့တို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညတွင် အသိပေးဖော်ပြသည်။

ချီဖွေနှင့်ဆော့လော်ကို စက်တင်ဘာ ၂၉ရက်မှ ယမန်နေ့(အောက်တိုဘာ ၂ရက်)တိုက်ပွဲ ၄ရက်တာအတွင်း သိမ်းပိုက်နိုင်ခဲံခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ ချီဖွေမြို့ကိုတော့ မနေ့က သိမ်းလိုက်တာဖြစ်ပါတယ်။ မနေ့က ညနေပိုင်းပေါ့။နောက်ဆော့လော်ကိုတော့ ဒီနေ့ အောက်တိုဘာ ၂ရက်နေ့ မနက် ၇နာရီခွဲဝန်းကျင်လောက်မှာ သိမ်းလိုက်တာ ဖြစ်ပါတယ်။ အခုလောလောဆယ်ကတော့ အဲဒီ ချီဖွေတို့ ဆော့လော်တို့ ပတ်ဝန်းကျင်မှာကတော့ စကစ အရေးကြီးတဲ့ စခန်းတွေက မရှိတော့ဘူးပေါ့နော်။ အဲဒီချီဖွေနဲ့ ဆော်လော်ဘက်ကိုတော့ ကျနော်တို့က နယ်မြေရှင်းလင်းရေးတွေ မြို့တွေရှင်းလင်းရေးတွေလုပ်နေတဲ့ အချိန်ကာလဖြစ်ပါတယ်” ဟု KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ ဖော်ပြချက်တွင် KIA တပ်မဟာ(၇)နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းများနှင့် BGF ၊ ပြည်သူ့စစ်စခန်းများကို KIA ပူးပေါင်းတပ်ကစက်တင်ဘာ ၂၉ရက်ကစပြီးထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ချီဖွေ၌ တပ်စွဲနေသည့် ခလရ(၁၀၅) တပ်စခန်းနှင့် ပြည်သူ့စစ် တပ်၊ စုပေါင်းဂိတ်၊ (၅၉)မိုင်၌ တပ်စွဲထားသည့် BGF တပ်များကို စက်တင်ဘာလကုန်ပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဆော့လော်မြို့ရှိ ခလရ(၂၉၈) စခန်းနှင့် အနီးအနားရှိ ကာကင်းစခန်းများကို အောက်တိုဘာ ၂ရက် နံနက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်းဖော်ပြသည်။

ချီဖွေ၊ဆော့လော်၊ ပန်ဝါ၊ကန်ပိုက်တည်နှင့် ဆဒုံး စသည့် နယ်မြေများ၌ စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်းနှင့် သားဖြစ်သူ ဇခုန်ယိန်းဆောင်၏ ပြည်သူ့စစ်အဖွဲ့များက စိုးမိုးထားခြင်းဖြစ်ကြောင်း၊ အဆိုပါနယ်မြေများ၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပေါင်းပြီး သစ်အလွန်အကျွံ ထုတ်လုပ်ရောင်းချခြင်း၊ ဘိန်းစိုက်ပျိုး ရောင်းဝယ်ခြင်း၊ မြေရှားသတ္တုတူးဝယ်ခြင်း၊ လောင်းကစားနှင့် ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်လုပ်ငန်းများ လုပ်ဆောင်ကြကြောင်းKIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ချီဖွေနှင့် ဆော့လော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းများနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားသည်။

KIA အနေဖြင့် ဇွန်လအတွင်းကလည်း ဆဒုံးဗျူဟာ အပါအဝင် စစ်ကောင်စီ၊ပြည်သူ့စစ်နှင့် BGF တပ်စခန်း ၂၀ကျော်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပုလောနဲ့ တနင်္သာရီနယ်ကိုလည်း စစ်တပ်က ၄ရက်ဆက်ဗုံးကြဲဟု KNU အသိပေး

သတင်း

စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ဝေဟင်သတင်းနားစွင့်ဖို့၊လုံခြုံတဲ့နေရာတည်ဆောက်ထားဖို့ တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ နေရာအများအပြားကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ညက အသိပေးပြီး စစ်ကောင်စီ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ရာ နေရာတွေအထိ ရွေးကောက်ပွဲ ကျင်းပလို၍ဖြစ်ကြောင်း ဖော်ပြပါတယ်။

သတင်း

နောက်ဆုံးအကြိမ်တိုက်ခိုက်မှု တရုတ်လင်မယား ၂ဦး ဒဏ်ရာရ