Connect with us

Hi, what are you looking for?

သတင်း

KIAတပ်မဟာ(၉) ဌာနချုပ်ဧရိယာကို စစ်ကောင်စီ ယနေ့နံနက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ် လေတပ်စခန်းများမှ စစ်ရေးလှုပ်ရှားမှုများရှိနေ၍ ရှမ်းမြောက်ရှိ ဒေသခံ ပြည်သူများလည်း လေကြောင်းရန် အထူးသတိပြုရန် ကချင်စစ်ရးသတင်းရင်းမြစ်က တိုက်တွန်းသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီကနေ့ မနက် ၉နာရီ ၄၀ ဝန်းကျင်ကနေ KIA တပ်မဟာ(၉) ဌာနချုပ်ဧရိယာကို စစ်ကောင်စီကနေ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု စတင်နေပါတယ်။အခု သတင်းပြောကြားနေချိန်အထိတော့ ငါးကြိမ်ရှိသွားပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA တပ်မဟာ(၉)ဌာနချုပ် ဧရိယာသည် ဖားကန့် မြို့နယ်အတွင်း တည်ရှိသည်။ စက်တင်ဘာအတွင်းက ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း လတ်တလော ဖားကန့်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လေတပ်စခန်းများမှ စစ်ရေးလှုပ်ရှားမှုများရှိနေ၍ ရှမ်းမြောက်ရှိ ဒေသခံ ပြည်သူများလည်း လေကြောင်းရန် အထူးသတိပြုရန် ကချင်စစ်ရးသတင်းရင်းမြစ်က တိုက်တွန်းသည်။

“ဒီလားရှိုး၊ နမ့်ခမ်းတကြောရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်း အထူးသတိပြုဖို့လိုပါတယ်။ အောက်ပြည်ကနေ လေကြောင်းတွေ တောက် လျှောက်တက်နေပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ရှမ်းမြောက်ရှိ ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော် (MNDAA)ထိန်းချုပ်ရာမြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။