Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် ပြည်သူများအား နေထိုင်ခွင့်ကတ်ထုတ်ပေးခြင်းမရှိ

လားရှိုးမြို့ပြည်သူများအား နေထိုင်ခွင့်ကတ်ထုတ်ပေးခြင်းမျိုးမရှိဘဲ လူဦးရေစစ်တမ်း ကောက်ယူမှုသာရှိသည်ဟု အသိပေးသည်။

(လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအတွင်း ဒေသခံစစ်ဘေးသင့်ပြည်သူများအား စားသောက်ကုန်များထောက်ပံ့နေသည်ကို အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)
(လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအတွင်း ဒေသခံစစ်ဘေးသင့်ပြည်သူများအား စားသောက်ကုန်များထောက်ပံ့နေသည်ကို အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် မြို့ခံပြည်သူများအား နေထိုင်ခွင့်ကတ်ထုတ်ပေးနေသည်မှာ သတင်းအမှားသာဖြစ်ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာက ယနေ့(နိုဝင်ဘာ ၇ရက်)တွင် ရှင်းလင်း အသိပေးထားသည်။

လားရှိုးမြို့ပြည်သူများအား နေထိုင်ခွင့်ကတ်ထုတ်ပေးခြင်းမျိုးမရှိဘဲ လူဦးရေစစ်တမ်း ကောက်ယူမှုသာရှိသည်ဟု အသိပေးသည်။

နေထိုင်ခွင့်ကတ်ထုတ်ပေးနေသည်ဆိုသည့် ကောလာဟလသတင်းကြောင့် ဒေသခံပြည်သူများနှင့် အဝေးရောက်မိသားစုများစိုးရိမ်ပူပန်နေကြသည့် အခြေအနေကြောင့် လားရှိုးမြို့တွင်းအခြေအနေများကို မြို့ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာက သက်ဆိုင်ရာတာဝန်ရှိသူကို မေးမြန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” လက်ရှိနေထိုင်သူ လူဦးရေကိုဘဲ စစ်တမ်းကောက်တဲ့သဘောပါ။ လူဦးရေစာရင်းက အရင်ထဲကကောက်နေတာပါ၊စစ်ရှောင်ပြီး အိမ်ပြန်လာတဲ့ လူဘယ်လောက်ရှိလဲ။ အိမ်ရှင်ဘယ်သူ မိသားစုဘယ်နှစ်ယောက်ရှိလဲ။ အဲ့ဒါမျိုးကိုပဲ စစ်တာပါ”ဟု တာဝန်ရှိသူက ပြောသည်။

သို့သော် လားရှိုးမြို့မှ အခြားနေရာများသို့ သွားရောက်စစ်ရှောင်ပြီး မြို့သို့ ပြန်လာပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးကို ပြန်လည်နေထိုင်ကြောင်း အကြောင်းကြားရကြောင်း တာဝန်ရှိသူကပြောသည်။

” လူဦးရေစာရင်းအတိအကျကိုတော့ တစ်ချို့ရပ်ကွက်တွေမှာကောက်နေပါပြီ။ မကြာခင်တော့တစ်မြို့လုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်သွားမှာပါ။ တစ်ခြား ဘာအကြောင်းအရာမှ မရှိပါဘူး။ ကဒ်ထုတ်ပေးတာတွေလဲမရှိပါဘူး။ လူဦးရေစာရင်းပဲ ကောက်တာပါ”ဟု တာဝန်ရှိသူက ပြောသည်။

လားရှိုးမြို့ကို MNDAAက ဩဂုတ် ၃ရက်တွင် သိမ်းပိုက်ပြီး အုပ်ချုပ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။ MNDAAက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီက MNDAAက မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့် အခြေအနေ မရှိဘဲ လေကြောင်း စစ်ဆင်ရေးဖြင့် သာ ဖိအားပေးလျက်ရှိသည်။ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အများစုသည် အရပ်သား နေထိုင်ရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံ မနော်ဖောက ပြောထားသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်လကျော်အတွင်း လားရှိုးဒေသခံ အရပ်သား ၇ဦးထက်မနည်း သေဆုံးကာ ၅၇ ဦးကျော် ဒဏ်ရာရရှိထားသည်ဟု MNDAAက အသိပေးထားပြီး နေအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာတွင် ဘာသာရေးအဆောက်အဦး၊ စေတီ၊ ဘုရားကျောင်းများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။