Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာလက်နက်ကြီးပစ်ခတ်မှု ဒေသခံတစ်ဦး ထ​ပ်မံသေဆုံး

နိုဝင်ဘာ ၁၂ရက် နေ့လည် ၁နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာလက်နက်ကြီးပစ်ခတ်မှု ဒေသခံတစ်ဦး ထ​ပ်မံသေဆုံး
စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာလက်နက်ကြီးပစ်ခတ်မှု ဒေသခံတစ်ဦး ထ​ပ်မံသေဆုံး

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်အိမ်တည်းကျေးရွာနေ ပြည်သူတစ်ဦး တစ်ဦးထပ်မံသေဆုံး​ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၁၃ ရက် ညနေ ၄နာရီခန့်က စစ်ကိုင်းမြို့နယ်ရှိ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယင်းတပ်ဖွဲ့ခွဲ၏ အနောက်မြောက် ဘက်(၆)မိုင်ခန့်အကွာရှိ တစ်အိမ်တည်းကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် (၁၄)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး (၁၈)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၂ ဦး၊အသက် (၅၀)နှင့် (၆၅)နှစ်အရွယ် အမျိုးသမီးကြီး ၂ဦး စုစုပေါင်း ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထိခိုက်ဒဏ်ရာရသူများအနက် တစ်ဦးထပ်မံသေဆုံးရာ စုစုပေါင်း သေဆုံးသူ ၂ ဦးအထိရှိလာကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“(၁၆)ကနေ တအိမ်တည်းရွာဘက် လက်နက်ကြီး ၄ လုံးထုတာ နေအိမ်ပေါ်ကျတာကြောင့် ၄ ယောက်ထိ ၁ ယောက်ပွဲချင်းပြီးဆုံးပါတယ်။ ထိ‌ခိုက်တဲ့ထဲက တစ်ယောက် နောက်တရက်မှာ ထပ်ဆုံးပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၁၂ရက် နေ့လည် ၁နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံအချို့က ပြောသည်။

အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုမရှိဟု စစ်ကောင်စီ လော်ဘီတယ်လီဂရန်ချန်နယ်များက ရေးသားခဲ့သည်။ စစ်ကောင်စီထောက်ခံသူများက တစ်အိမ်တည်းကျေးရွာဘက်မှ ပစ်ခတ်သည်ဟု စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်ရန် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တိုက်ခိုက်မှုအား ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နိုဝင်ဘာ ၅ ရက်ကလည်း အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲနှင့် အနီးရှိ စစ်ကိုင်းတက္ကသိုလ် အဝင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိပြီး တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။