Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် ရဲဘော်တစ်ဦးက လက်ပစ်ဗုံးကောက် ရ၍လာအပ်သည် ပြောပြီးတပ်ကြပ်တစ်ဦးကိုအနီးကပ်ပစ်

နိုဝင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့ရန်ကင်းမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(သိမ်းဆည်းရမိသော သေနတ်အား တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာပလဖ)
(သိမ်းဆည်းရမိသော သေနတ်အား တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်ပစ်ဗုံးကောက်ရ၍လာအပ်သည်ဟုပြောဆိုပြီး ဘန်ကာအနီးပစ်ခတ်ဖောက်ခွဲရာ စစ်ကောင်စီ တပ်ကြပ်တစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူ ကိုသီဟက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက် ၁၀နာရီခန့်က မုံရွာမြို့ပေါ် စစ်ကောင်စီတပ်စွဲထားသည့်အလယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား 3Star ဒေါင်းလေးတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ကြပ်တစ်ဦး သေဆုံးကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူ ကိုသီဟက ပြောသည်။

“လက်ပစ်တစ်လုံး ကောက်ရတယ်ဆိုပြီးတော့ ဘန်ကာ အနားကိုရောက်အောင်သွားကပ်လိုက်တယ်။ သွားပေးလိုက်တာ။ သွားပေးတော့ ဘယ်ကရတာလဲဘာလဲမေးတာ သုံးလေးခါမေးတယ်။ ဟိုလိုလှည့်မေးလိုက် ဒီလိုလှည့်မေးလိုက်နဲ့မေးတယ်။ မေးပြီးနောက်ဆုံး နောက်ကကျန်တဲ့သူတို့လူကို လှမ်းခေါ်ဖို့ဖုန်းကိုကိုင်တဲ့အချိန်မှာ ​ထုတ်ပြီးတော့ ခေါင်းကိုနှစ်ချက်တေ့ပစ်လိုက်တာ။ တခါတည်း ပွဲချင်းပြီးပဲ။”ဟု ကိုသီဟက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါ တပ်ကြပ်ကိုင်ဆောင်သည့် MA3 သေနတ်တစ်လက်အား သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

“တကိုယ်တော်ဝင်ပစ်သွားတာ။ ငွေတောင်းတဲ့စခ ထိတယ်။ ရဲဘော်ဘေးကင်းတယ် ပြောတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

ရပ်ကွက်ရုံးပစ်ခတ်ခံရပြီးနောက် အဆိုပါရပ်ကွက်ရုံးရှေ့လမ်းအား စစ်အုပ်စုက ပိတ်ထားလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့ရန်ကင်းမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။