Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

ဖာပွန်မြို့ကိုတော့ KNU တပ်မဟာ (၅)က ထိန်းချုပ်ထားပြီး ဖာပွန်မြို့ပြင်က အခြေချ စစ်ဗျုဟာကိုလည်း လနဲ့ချီ ပြီး ဝန်းရံပိတ်ဆို့ထားပါတယ်။

ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ
ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန် – ကမမောင်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့တောင်သုံးလုံးစခန်း တွေကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီလို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ အတည်ပြုပါတယ်။

ကတိုင်တိဒေသမှာ ရှိတဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်း ကို ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၇ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်တို့မှာ KNU က သိမ်းယူခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်ထဲက ဆယ်စုနှစ်နဲ့ချီပြီး နေရာယူတပ်စွဲထားတဲ့စစ်တပ်စခန်းတွေဖြစ်တဲ့ ကူးဆိပ် ၊ မထောတပ်စခန်း တွေကို သိမ်းပြီးနောက် အဲဒီစခန်းတွေကို အောက်ဘက်မှာရှိတဲ့ တောင်သုံးလုံးနဲ့ဆင်စွယ်စခန်းတွေကိုKNU က ဆက်လက် တိုက်ခိုက်သိမ်းယူခဲ့တာပါ။

KNU က သိမ်းယူလိုက်တဲ့ တောင်သုံးလုံး၊ ဆင်စွယ်စခန်းတွေက ဖာပွန် – ကမမောင်း ကားလမ်းကိုစိုးမိုးထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။

အဲဒီကားလမ်းကိုသုံးပြီး ဖာပွန်ဆီ စစ်ကောင်စီတပ်က ကမမောင်း ဒေသကနေ စစ်ကူတက်ရာမှာ သုံးလေ့ ရှိတယ်လို့သိရပါတယ်။

ဖာပွန်မြို့ကိုတော့ KNU တပ်မဟာ (၅)က ထိန်းချုပ်ထားပြီး ဖာပွန်မြို့ပြင်က အခြေချ စစ်ဗျုဟာကိုလည်း လနဲ့ချီ ပြီး ဝန်းရံပိတ်ဆို့ထားပါတယ်။

KNU ရဲ့ ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က မြေပြင်ကနေ ဖာပွန်ဆီ စစ်ကူပို့ဖို့ ခက်ခဲလာသလို ၊ ရိက္ခာ ၊ ခဲယမ်းတွေကိုလည်း လေကြောင်းကနေ ချပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။