Connect with us

Hi, what are you looking for?

သတင်း

မောင်​တောနခခ (၅)တွင် WFPဆန်အိတ်များအား ​တွေ့ရှိ

ဇွန်လတွင် ရက္ခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့သည်။

(မောင်တောမြို့နခခ (၅) အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (ဓါတ်ပုံ- Arakan Bay News)
(မောင်တောမြို့နခခ (၅) အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (ဓါတ်ပုံ- Arakan Bay News)

■လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှကို လက်ခံနိုင်ဖွယ်မရှိကြောင်း WFP ဆို

ထားအိ/People’s Spring

ရက္ခိုင်ပြည်နယ် မြောက်ပိုင်း ​မောင်​တောမြို့၊စစ်​ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ( နခခ-၅) ​၏ အ​ဆောက်အအုံတစ်ခုတွင် WFP (ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) အမှတ်အသားပါ ဆန်အိတ်များအား ​တွေ့ရှိခဲ့ရသည်။

ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှကို လက်ခံနိုင်ဖွယ်မရှိကြောင်း WFPက ထုတ်ပြန်သည်။ အမှန်တွင် WFP က ထိုစားနပ်ရိက္ခာများကို ထိခိုက်အလွယ်ဆုံး ပြည်သူများကိုလူသားချင်းစာနာမှု အကူအညီ​ပေးရန် ဆန်အိတ်များဖြစ်သည်။

(မောင်တောမြို့နခခ (၅) အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (ဓါတ်ပုံ- Arakan Bay News)
(မောင်တောမြို့နခခ (၅) အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (ဓါတ်ပုံ- Arakan Bay News)

ရက္ခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ WFP က သိရှိရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏ ​မောင်​တော နခခ (၅ ) တွင် WFP ဆန်အိတ်များ​တွေ့ရှိခဲ့ရခြင်းဖြစ်​ကြောင်း​ဒေသတွင်းသတင်းဌာန ဖြစ်​သော Arakan Bay News (ABA)က ဒီဇင်ဘာ ၁၃ ရက်တွင် ​ရုပ်သံမှတ်တမ်းနှင့်တကွ​ဖော်ပြခြင်းဖြစ်သည်။ နခခ(၅) ကို အာရက္ခတပ်​တော်(AA)က ဒီဇင်ဘာ ၈ ရက်တွင်အပြီးသတ် သိမ်းပိုက်ခဲ့ပြီး​နောက် နခခ (၅)အတွင်း မြင်ကွင်းများကိုABA က ကွင်းဆင်းသတင်းရယူ​ဖော်ပြ​သောရုပ်သံတွင် အ​ဆောက်အအုံတစ်ခုအတွင်း၌WFP ဆန်အိတ်များသို​လှောင်ထားသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်းလည်း WFPကဆိုသည်။

(မောင်တောမြို့နခခ (၅) အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (ဓါတ်ပုံ- Arakan Bay News)
(မောင်တောမြို့နခခ (၅) အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (ဓါတ်ပုံ- Arakan Bay News)

ပြီးခဲ့သည့် ဇွန်လတွင် ရက္ခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့သည်။

ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေကြောင်း WFP က ဆိုသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က ထပ်လောင်း တောင်းဆိုလိုက်သည်။ ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမည်ဟု တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ထဲမှာ အငတ်ဘေး ဆိုက်လာမယ့် အန္တရာယ်က ကြီးကြီးမားမား ရှိနေကြောင်း လူသားချင်း စာနာမှု ထောက်ပံ့ရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က သတိပေးခဲ့ပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။