Connect with us

Hi, what are you looking for?

သတင်း

မောင်​တောမြို့ကို စစ်​ကောင်စီတပ် ဗုံးကြဲ

မောင်တောမြို့၌နောက်ဆုံးကျန်ရှိနေသောစစ်ကောင်စီတပ်၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) ကိုအာရက္ခတပ်တော်(AA)က ထိုစစ်ဆင်တိုက်ခိုက်နေစဉ် ယနေ့(စက်တင်ဘာလ ၂၉ရက်) နံနက်တွင်စစ်ကောင်စီက မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးကြဲပြီး​နောက် မီး​လောင်​ပေါက်ကွဲစဥ်။ ဓါတ်ပုံ-Arakan Princess Media

ရွှေပြည်စိုး/People’s Spring

မောင်တောမြို့၌နောက်ဆုံးကျန်ရှိနေသောစစ်ကောင်စီတပ်၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) ကိုအာရက္ခတပ်တော်(AA)က ထိုစစ်ဆင်တိုက်ခိုက်နေစဉ် ယနေ့(စက်တင်ဘာလ ၂၉ရက်) နံနက်တွင်စစ်ကောင်စီက မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“မြို့ပေါ်ကို Y12နဲ့ ချတာပါတဲ့။ လူနေအိမ်တွေထိတယ်။တော်တော်များများ ထိထားတယ်လို့ သတင်းရပါတယ်။ နောက်ဆုံးသိထားသလောက်ကတော့ မြို့ထဲလည်း တိုက်ပွဲဖြစ်တယ်။အခု​လေကြောင်းတိုက်တာကတော့ အရပ်သားနေရာတွေပါ” ဟု စစ်တွေမြို့၌ ရှိနေသည့်မောင်တော‌ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မောင်တောမြို့တွင် မြို့ပြင်ရှိ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာ ကျန်ရှိတော့ပြီးအပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AAက စက်တင်လာလ ၂၇ ရက်၌ သတင်းထုတ်ပြန်ထားသည်။

မြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့စစ်သင်တန်းပေးထားသူများနှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်းAAက အသိပေးထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ် ၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး စခန်းအများအပြားသိမ်းယူထားနိုင်သော်လည်း နခခ (၅) မှ နေ၍ ခုခံနေသေးကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်ဒေသခံများအပါအဝင် လူဦးရေ နှစ်သောင်းနီးပါးအား တိုက်ပွဲများကြားမှ ကယ်ထုတ်ထား AA သတင်းက ပြီးခဲ့သည့် ဩဂုတ်လတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။