Connect with us

Hi, what are you looking for?

သတင်း

ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကို စစ်ကောင်စီက ကြည်းတပ်နှင့် ရေတပ်ပို့၍ ခံစစ်ပြင်

ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကမ်းခြေ၌ ဂွမြို့သိမ်းတိုက်ပွဲမှဆုတ်ခွာလာသောတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက ရေတပ်မှ စစ်သင်္ဘောများနှင့် ကြည်းတပ်မှ တင့်ကားများပို့၍ ခံစစ်ပြင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

၂၀၁၈က ရွှေသောင်ယံကမ်းခြေ၌ ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်။ ဓာတ်ပုံ-ရိုက်တာ

အိမ်သွင်/People’s Spring

ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကမ်းခြေ၌ ဂွမြို့သိမ်းတိုက်ပွဲမှဆုတ်ခွာလာသောတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက ရေတပ်မှ စစ်သင်္ဘောများနှင့် ကြည်းတပ်မှ တင့်ကားများပို့၍ ခံစစ်ပြင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ရွှေသောင်ယံကမ်းခြေရှိ ဝက်သေကျေးရွာသို့ ဂွမြို့သိမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက စစ်သင်္ဘောများ၊ တင့်ကားများအပါအဝင် စစ်သုံးယာဉ်အများအပြားကို ရွှေသောင်ယံသို့ ပို့ဆောင်နေသည်။

” ပင်လယ်ထဲက ရေတပ်သ‌င်္ဘောတွေ အများကြီးပဲ။ ဂွအစပ်ကနေဆုတ်လာတာ။ အခု ဝက်သေမှာ ရပ်ထားတယ်။ ဂွနဲ့အစပ်က လူတွေက ရွှေသောင်ယံကို ရှောင်လာတယ်။ ရွှေသောင်ယံက တချို့လည်း စရှောင်ကြပြီ။ အခုတိုက်ပွဲပြင်းထန်တာက မကျီးဇင်ရွာဘက်မှာပါ”ဟု ဝတ်သေကျေးရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမြောက်များတပ်ဆင်ထားသော တင့်ကားအုပ်စုသည် ယနေ့ (ဇန်နဝါရီ ၁၀ရက်) နံနက်ပိုင်း၌ ချောင်းသာကိုဖြတ်၍ ရွှေသောင်ယံ-ဂွကမ်းခြေပတ်လမ်းအတိုင်း မောင်းနှင်လာပြီး ဝက်သေရွာသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

” တချို့ကားကြီးတွေ တံတားဝန်မခံနိုင်လို့ လမ်းရပ်ထားတာတွေ ရှိတယ်။ တချို့ကိုစစ်သင်္ဘောတွေနဲ့ ပို့တယ်။ရွှေသောင်ယံကို အင်အားအကြီးအကျယ်ပို့နေတယ်။ AAက ဘယ်နေမှန်းမသိဘူး။ စစ်တပ်က ကြည်းရေလေ အားဖြည့်နေတယ်”ဟု ‌မကျီးဇင်ရွာမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ဝက်သေကျေးရွာတွင် စစ်ကောင်စီက အင်အား ၈၀၀၀ ကျော်သုံး၍၊ ကမ်းတက်ရေယာဉ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများဖြင့် အကြီးမားဆုံး ကြည်းရေလေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ ဆင်ဖြူရှင်စစ်ဆင်ရေးဟု အမည်ပေးခဲ့ပြီး ပြည်ပရန်ကို ကာကွယ်ရန်ဟုဆိုခဲ့သည်။

သို့သော် အဆိုပါ စစ်ဆင်ရေးနေရာနှင်ု မိုင်၃၀ခန့်အကွာ၌ရှိပြီး ရွှေသောင်ယံနှင့် နယ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ် ဂွမြို့၊ သံတွဲမြို့တို့ကို ကြည်း၊ရေ၊လေ စစ်ဆင်ရေးဖြင့် ခုခံခဲ့သော်လည်း လအနည်းငယ်အတွင်း အာရက္ခတပ်တော်AAကို စစ်ရှုံးခဲ့သည်။

လက်ရှိတွင် ဂွနှင့် ရွှေသောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဇန်နဝါရီ ၈ရက်က ကုလားချောင်းရွာအနီးတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

” လေကြောင်းကရော ပင်လယ်ထဲကပါပစ်တာ။ ဒေသခံတွေ သေဆုံးတာရှိတယ်။ ဒါပေမယ့် တိတိကျကျမသိရဘူး။ ၆‌ယောက်တောင်သေဆုံးတယ်လို့ စစ်ရှောင်လာတဲ့သူတွေကပြောတယ်။ ‌နောက်ပြီး မပြေးနိုင်တဲ့သက်ကြီးရွယ်အိုတွေနဲ့အတူ ရွာခံ ၈၀လောက်ကို AAက ကယ်ထုတ်သွားတယ်လို့ပြောတယ်” ဟု ဝက်သေကျေးရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယနေ့တွင် ပုသိမ်၊ ရွှေသောင်ယံ၊ သာပေါင်းမြို့နယ်အတွင်း ရဟတ်ယာဉ်မကြာခဏပတ်ပျံ‌နေသည်။

” AAက ရွှေသောင်ယံကနေပဲ ဝင်မယ်လို့ တွက်နေတယ် ထင်တယ်။ ဧရာဝတီတိုင်းထဲကို ဝင်လို့ရတဲ့ကုန်းလမ်းတွေ AAက သိပြီးသားလေ။ အခုက စစ်တပ်က ရွှေသောင်ယံမှာ ဟန်ရေးပြနေတာ”ဟု ချောင်းသာဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်​တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများကို ယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။

ဆောင်းပါး

​နွေဦး​တော်လှန်​ရေးတွင် ငြိမ်သက်လွန်းခဲ့​သောဧရာဝတီတိုင်းအတွင်း ပထမဆုံးတိုက်ပွဲက အများပြည်သူမထင်မှတ်ထားသည့် နေရာမှ စတင်ခဲ့ပြီ။ ရွှေသောင်ယံတွင် ဖြစ်သည်။

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုအများဆုံးပြုလုပ်‌နေစဥ်မှာပင် အာရက္ခတပ်​တော်(AA)နှင့် PDF များက မကျီးဇင်ရွာနယ်မြေရဲစခန်းကိုသိမ်းပိုက်လိုက်​ကြောင်း​ဒေသခံ နှင့်စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။