Connect with us

Hi, what are you looking for?

သတင်း

လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ

ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နိုင်ပကောင်း၊ဟန်နွေ /People’s Spring

ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

လက်နက်ချအလင်းဝင်လာသူတွေထံကနေ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ကြီး ၊လက်နက်ငယ် နဲ့အခြားသောခဲယမ်းတွေ လက်ခံရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က တပ်စခန်းတွေဆီ ထောက်ပို့ ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲကဆိုထားပါတယ်။

လှဂွန်ပျိုတပ်စခန်းကို သိမ်းယူရာမှာ အဲဒီတပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက People’s Spring ကို အသိပေးထားပါတယ်။

အဲဒီ တပ်စခန်းကိုဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ ၆ဦး ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။