Connect with us

Hi, what are you looking for?

သတင်း

စစ်ဒေသ(၁)၌ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး လက်နက်နှင့် အလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း စစ်ဒေသ(၁)က သတင်းထုတ်ပြန်သည်။

စစ်ဒေသ(၁)ထံ အလင်းဝင်လာသော စစ်ကောင်စီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ဒေသ(၁)

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း စစ်ဒေသ(၁)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၀ရက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ ပြည်သူ့စစ် နှစ်ဦး၊ ဇန်န၀ါရီ ၉ရက်တွင် မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သား တစ်ဦး၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှ စစ်ကောင်စီတပ်သား နှစ်ဦးတို့သည် အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြုနေသော ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးသော ခမရ(၁၃)တပ်ရင်းမှ ပြည်သူ့စစ်တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် G-3 (၁) လက်၊ ကျည် (၃၄၉)တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်အိမ် (၂)ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များက ၂၀၂၅တွင် စစ်ရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီကို အကာအကွယ်မပေးဘဲ ပြည်သူ့ဘက် ပူးပေါင်းအလင်းဝင်ကြရန် ဖိတ်ခေါ်ထားသည့် အခြေအနေတွင် ဒေသအသီးသီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ဦးချင်းစီသော်လည်းကောင်း တပ်ဖွဲ့လိုက်သော်လည်းကောင်း အလင်းဝင်ရောက်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။