Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံကမ်းခြေတွင် စစ်တပ်ခံစစ်​ပြင်​နေစဥ် ​AAနှင့် PDF များက မကျီးဇင်ရွာရဲစခန်းကိုသိမ်းပိုက်

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုအများဆုံးပြုလုပ်‌နေစဥ်မှာပင် အာရက္ခတပ်​တော်(AA)နှင့် PDF များက မကျီးဇင်ရွာနယ်မြေရဲစခန်းကိုသိမ်းပိုက်လိုက်​ကြောင်း​ဒေသခံ နှင့်စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ဂွမြို့သိမ်းပွဲပြီး​အောင်ပွဲခံ​နေ​သော AA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-AA Infodesk)

မိထက်/People’s Spring

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုအများဆုံးပြုလုပ်‌နေစဥ်မှာပင် အာရက္ခတပ်​တော်(AA)နှင့် PDF များက မကျီးဇင်ရွာနယ်မြေရဲစခန်းကိုသိမ်းပိုက်လိုက်​ကြောင်း​ဒေသခံ နှင့်စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

၂၀၁၈ ခုနှစ် ဖေ ဖော်ဝါရီလက ကြည်းရေလေစစ်ဆင်ရေးလုပ်ဖူးသည့် ရွှေသောင်ယံကို ယနေ့မှစ၍ ရေတပ်နှင့် တင့်ကားများပို့ပြီးစစ်ကောင်စီ ခံစစ်ပြင်နေသည်။

ယ‌နေ့ည ၇နာရီခန့်တွင် စစ်သားအင်အား ၁၀၀ ထက်မနည်းပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေသောင်ယံ-ဂွမြို့နယ်စပ်ရှိ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်သဘ်ောဖြင့်ထွက်ခွာသွားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့မှ ရောက်ရှိလာခြင်းဖြစ်ပြီး ရွှေသောင်ယံမြို့နယ်၊ ဝက်သေကျေးရွာသို့ ကားများဖြင့် ရောက်လာပြီး ဝက်သေကျေးရွာကမ်းခြေမှတစ်ဆင့် စစ်သင်္ဘောဖြင့် ဆက်ထွက်ခြင်းဖြစ်သည်။

AAဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီသည် ရွှေသောင်ယံမြို့ပေါ် နှင့် မိုင် ၂၀ခန့်သာ ဝေးသည့် မကျီးဇင်ရွာ၌ ဇန်နဝါရီလ ၇ရက်မှ စ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ယမန်​နေ့

(ဇန်နဝါရီ ၉ ရက်​နေ့)ကတိုက်ပွဲတွင် မကျီးဇင်ရွာနယ်မြေရဲစခန်းကို AAနှင့် PDF များက သိမ်းယူလိုက်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီက ရေ​ကြောင်း နှင့် လေကြောင်းမှပါ ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားအချို့သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

” အသိတစ်ယောက်ရဲ့မကျီးဇင်ရွာကအိမ် လေကြောင်းကနေပစ်လို့ ပျက်စီးသွားပြီ။ အိမ်စောင့် ဦးလေးဆုံးသွားတယ်။ အခုရက်တိုက်ပွဲတွေကြားမှာအရပ်သားသေဆုံးမှုတွေရှိတယ်။ ပြေးလွှားနေရလို့ စာရင်းမရတာ” ဟု ချောင်းသာဒေသခံတဦးက ပြောသည်။

စစ်ကောင်စီက ရွှေသောင်ယံတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်နေသောကြောင့် မြို့ခံများသည် အခြားနေရာများသို့ စတင် ​ရွေ့​ပြောင်းတိမ်းရှောင်‌နေကြပြီဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

လက်ရှိတွင် ဂွမြို့နယ်နှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဇန်နဝါရီလ ၈ရက်က ကုလားချောင်းရွာအနီးတိုက်ပွဲ၌ လေကြောင်းမှ တိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲနှင့်ပတ်သက်၍ AAအပြင် တော်လှန်ရေးတပ်များကလည်း သတင်းမထုတ်ပြန်သေးပေ။

ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် စစ်ကောင်စီက ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။