Connect with us

Hi, what are you looking for?

သတင်း

ရွှေ​သောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်​ကြောင်း တစ်​ကြောင်း ​သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်

ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ​ဒေသတစ်ခုတွင် စစ်​ကြောင်းထိုး​နေ​သော စစ်​ကြောင်းတ​ကြောင်း။ ဓါတ်ပုံ-စစ်​ကောင်စီ

အိမ်သွင်/People’s Spring

ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

“ ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်နဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် ခြေလျင်စစ်ကြောင်းဖြင်ပါ အင်အားတိုးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ဇန်နဝါရီလ ၁၇ရက် ည‌နေမှစ၍ စစ်ကောင်စီက သယ်ဆောင်ခြင်းဖြစ်သည်။

“ ငါးသိုင်းချောင်းလမ်းက သယ်လာသူတွေကို လက်ဆင့်ကမ်းသယ်ဖို့ပုသိမ်က ချောဆွဲခံရတဲ့လူနာတင်ကားတွေ အများကြီးရောက်လာတယ်” ဟု ‌ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဂွနှင့် ရွှေသောင်ယံနယ်စပ်မှ မူလက ၎င်းတို့ တပ်စွဲထားသည့် နေရာများမှ အစုအဖွဲ့လိုက်ဆုတ်ခွာနေပြီဟု စုံစမ်းသိရှိရသည်။

လက်ရှိတွင် မည်သည့်နေရာများ၌ တိုက်ပွဲဖြစ်နေသည်ကို အသေးစိတ် မသိရသေးသော်လည်း ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာတွင် ဇန်နဝါရီလ ၁၆ ရက်ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းမှခုခံတိုက်ခိုက်ခဲ့သည်။

ဘောမိကျေးရွာသည် ရွှေ သောင်ယံမြို့နယ်အတွင်း စစ်ကောင်စီခံစစ်ပြင်ထားသည့်နေရာများအနက် တစ်ခု ဖြစ်သည်။ ဘောမိရွာမှ စစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီဖြစ်သည်။

ရွှေသောင်ယံမြို့နယ်၊ ဝက်သေကမ်းခြေတွင် စစ်ကောင်စီ ခံစစ် ဆက်ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က တိုက်ပွဲတွင်လည်းစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများအနက် ရာထူးအကြီးပိုင်းများလည်းပါဝင်ခဲ့ပြီး လုံခြုံရေးယာဉ်တန်း ၁၅စီး ဝန်းရံထားသည့် စစ်တပ်သုံးလူနာတင်ကားဖြင့် ‌လာရောက်ခေါ်ဆောင်ခဲ့​ကြောင်း ​သတင်းရင်းမြစ်အချို့က​ပြောသည်။ကား၁၆စီးအနည်းဆုံးပါသည့် စစ်ကောင်စီ ယာဥ်တန်းဖြင့် ချောင်းသာ- ရွှေသောင်ယံ -မကျီးဇင်ကမ်းခြေပတ်လမ်းအတိုင်း မောင်းနှင်လာပြီး တိုက်ပွဲအတွင်းဒဏ်ရာရသူများကို လာရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို - မြစ်ကြီးနားကားလမ်းပိုင်းရှိ ရေရှင်ကြီးကျေးရွာထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်းက ပြင်ဆင်နေပြီး အဆိုပါစစ်ကြောင်းသည် PDFဝတ်ဆုံဝတ်ထား၍ ကားလမ်းဘေးတလျှောက်ကျေးရွာများ စစ်ရေးအခြေအနေသတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ် ၊ ဖာပွန် - ကမမောင်း ကားလမ်းပိုင်းက ကတိုင်တိ စခန်းဆီ စစ်ကူတက်လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်ကြား မတ်လ ၁ ရက်က တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။