Connect with us

Hi, what are you looking for?

သတင်း

လေတပ်သုံး ဗုံးသီးများထုတ်လုပ်နေသည့် ကပစ(၂၁) တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် ကာ ကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)ကို ၁၀၇ မမရှော့တိုက်ဒုံးရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် ကာ ကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)ကို ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Brave Warriors for Myanmar (BWM)

သတိုး၊ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် ကာ ကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)ကို ၁၀၇ မမရှော့တိုက်ဒုံးရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“ထိခိုက်မှုအတော်များတယ်လို့သိရပါတယ်။ အသေးစိတ်အတိအကျကို အတည်ပြုနိုင်အောင်ကြိုးစားနေပြီး ရရင်ထပ်ကြေညာပေးပါ့မယ်။ “ဟု ၎င်းက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၈ ရက်)ညနေ ၄ နာရီခွဲအချိန်ကစ၍ လေတပ်သုံးဗုံးများ ထုတ်လုပ်သည့် ကပစ(၂၁)ကို ၁၀၇ မမ ရှော့တိုက်ဒုံးရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ခုနစ်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း BWM က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒုံးတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ကပစ(၂၁) ဗုံးသီးထုတ်စက်ရုံအတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦးသိထားရပြီး တိကျသော နောက်ဆက်တွဲထိခိုက်သေဆုံးမှုအခြေအနေများအား ဆက်လက်ကြေညာပေးသွားမည်ဟု BWM က ဆိုသည်။

“ကပစ(၂၁)တစ်ခုလုံးက စက်ရုံပါ။ အားရကျေနပ်တဲ့ မစ်ရှင်တစ်ခုလို့ ပြောချင်ပါတယ်” ဟု တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကပစ (၂၁)စက်ရုံသည် စစ်ကောင်စီ​၏ လေတပ်က နိုင်ငံတဝန်းရှိပြည်သူလူထုအား ဗုံး ကြဲသတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများအပြင် Cluster ဗုံးသီးများအပါအဝင် တိုက်လေယဥ်သုံး လူသတ်ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေသည်ဟု ဆိုသည်။ BWM နှင့် မဟာမိတ်အဖွဲ့များက လေတပ်ဆက်စပ်ပစ်မှတ်နှင့် အရေးပါသော အကြီးစားစစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ BWM Mission 31 အဖြစ်ဖော်ဆောင်ခဲ့ခြင်းဟု ထုတ်ပြန်သည်။

BWM Misison 31 ဖြစ်မြောက်ရေးကို ကဏ္ဍမျိုးစုံမှ ပူးပေါင်းပါဝင်ပေးခဲ့ကြသော မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံးကို ကျေးဇူးတင်ရှိပြီး ရှေ့ဆက်၍လည်း ထိရောက်သော တော်လှန်ရေးအရွေ့ဖြစ်စေမည့် အကြီးစားစစ်ရေးပစ်မှတ်များကို ရှာဖွေဖော်ထုတ်တိုက်ခိုက်သွားမည်ဟု ဖော်ပြသည်။

အထက်ပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle)အဖွဲ့ ၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay) အဖွဲ့နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

BWM အဖွဲ့သည် ဇန်နဝါရီ ၁၄ရက် တစ်ရက် တည်းတွင် စစ်ရေးတိုက်ခိုက်မှု သုံးနေရာပြုလုပ်ခဲ့ရာ စစ်ကောင်စီအရာရှိကြီးများတက်ရောက်သည့် ညစာစားပွဲကျင်းပရာ ကယားပြည်နယ်ခန်းမ၊ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်-ဒကစ(လွိုင်ကော်)နှင့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စသည်တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်န​ယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာမြို့မှာ၁၀နှစ်အောက်ကလေးငယ်လေးဦးဗုံးသီးကိုဆော့ကစားမိရာကနေဖေဖော်ဝါရီလ ၃ ရက်နေ့ခင်းပိုင်းကပေါက်ကွဲမှုဖြစ်ပြီးတစ်ဦးသေဆုံးကာသုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။