Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်၏ အိမ်ကို ၃ ဘီလီယံ​ဈေး​လျှော့၍ တတိယအကြိမ်​​လေလံပစ်ခွင့် စစ်​ကောင်စီ တရာရုံးအမိန့်ချ

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး ဟီလာရီကလင်တန်လာ​ရောက်စဥ် က ​ဒေါ်​အောင်ဆန်းစုကြည်နှင့်အတူ​တွေ့ခဲ့ရစဥ် /၂၀၂၄ သြဂုတ် ၁၅ ရက်တွင် အိမ်အမှတ် ၅၄ အဝင်ဝကို​တွေ့ရစဥ်။ ဓါတ်ပုံ- EPA ၊ Getty Images

ရဲခေါင်/People’s Spring

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

​​ဒေါ်​အောင်ဆန်းစုကြည် ၏ ပါဝါ ၅၄ ဟု လူသိများ​သောရန်ကုန်မြို့ ၊တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို စစ်​ကောင်စီက ပထမအကြိမ် ကျပ်ငွေ (၃၁၅)ဘီလီယံ နှင့် ဒုတိယတစ်ကြိမ် (၃၀၀) ဘီလီယံဖြင့် လေလံ တင်ရောင်းချခဲ့သော်လည်း ဝယ်ယူခဲ့သူမရှိခဲ့ပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အကို ဦးအောင်ဆန်းဦးက လေလံစျေးလျှော့ချသတ်မှတ်ပေးရန် လျှောက်ထားခဲ့ပြီးနောက် ကျပ် ၂၉၇ ဘီလီယံ ဖြင့် ထပ်မံလေလံတင်ခွင့်ကို ကမာရွတ်တရားရုံးက ချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒီလ ဒုတိယပတ်က အမိန့်ချလိုက်တာ။လေလံရောင်းမယ့်ရက်က နောက်လ(​ဖေ​ဖော်ဝါရီ) ၆ ရက်နေ့”ဟု ကမာရွတ်မြို့ နယ်တရားရုံးနှင့်နီးစ​ပ်သူက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ​​ဖေဖော်ဝါရီလ ၁ ရက်​အာဏာသိမ်းသည့်​နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ခြံအမှတ် ၅၄ အမွေအမှုအတွက် ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံးအနိုင်ပေးခဲ့သည်။ထို့​နောက် စစ်​ကောင်စီက ဦး​အောင်ဆန်းဦးကို အိမ်နှင့်ခြံကိုပါလေလံပစ်ခွင့်ပြုခဲ့သည်။

၂၀၂၄ ခုနှစ်မတ်လ ၂၀ ရက်တွင် ပထမအကြိမ်(၃၁၅)ဘီလီယံ နှင့် ၂၀၂၄ သြဂုတ် ၁၅ ရက်​နေ့တွင် ဒုတိယအကြိမ် (၃၀၀) ဘီလီယံဖြင့် စစ်​ကောင်စီက ​လေလံပစ်ခဲ့​သော်လည်း ​လေလံဆွဲသူမရှိခဲ့​ပေ။

ခြံအမှတ် (၅၄) တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon၊ အမေရိကန်သမ္မတ ဟောင်း Barack Obama၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအရ အရေးပါသည့် သမိုင်းဝင် အဆောက် အဦးဖြစ်သည်။

ထို့အတူ ခြံအမှတ် ၅၄ ခြံသည် ယဉ်ကျေးမှု အမွေ အနှစ်အဖြစ် သတ်မှတ်ထားသောကြောင့် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ​ကြေညာထားသည်။

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး ဟီလာရီကလင်တန်လာ​ရောက်စဥ် က ​ဒေါ်​အောင်ဆန်းစုကြည်နှင့်အတူ​တွေ့ခဲ့ရစဥ် /၂၀၂၄ သြဂုတ် ၁၅ ရက်တွင် အိမ်အမှတ် ၅၄ အဝင်ဝကို​တွေ့ရစဥ်။ ဓါတ်ပုံ- EPA ၊ Getty Images

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။