Connect with us

Hi, what are you looking for?

သတင်း

စစ်သုံ့ပန်း ၂ ဦးကို ညှင်းပန်းသတ်ဖြတ်မှု AA ဝန်ခံ

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

Photo - Fortify Rights

ကျူးလွန်သူ​တွေကို ​ဖော်ထုတ်အ​ရေးယူအပြစ်​ပေးပြီးဟု AA ​​ပြော​ရေးဆိုခွင့်ရှိသူ​ပြော

အခုဖြစ်ရပ်မှာ AA မူဝါဒနဲ့ဆန့်ကျင်ပြီး ၊ နောက်ထပ် မဖြစ်​အောင်ထိန်း​ကြောင်းရင်းဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အသိ​ပေး

​နေ့သစ်/People’s Spring

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်မှာ ​ကျောက်​တော်မြို့နယ်ထဲက စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်- စကခ (၉)တပ်မဌာနချုပ် ကိုထိုး​ဖောက်တိုက်ခိုက်စဥ်ကာလမှာ အခုလိုစစ်စည်းကမ်းချိုး​ဖောက်မှုကျူးလွန်မှုဖြစ်ပွားခဲ့တာလို့ခိုင်သုခက​ပြောပါတယ်။

“ဘာကြောင့်လဲဆိုရင် အဲဒီချိန်က သူတို့(AA တပ်ဖွဲ့ဝင်) မိသားစုဝင်တွေကိုမတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ထားတဲ့မြန်မာအကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ​ပေါ့ ကျွန်တော်တို့ရဲ့ ဒေသခံ ပြည်သူ့စစ် တွေက ဒေါသမထိန်းနိုင်ပဲနဲ့ အခုလိုမျိူးလက်စားချေတဲ့ပုံစံမျိုးနဲ့စစ်စည်းကမ်းချိုးဖောက် ပစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ​ကြောင့် ဒီဖြစ်စဥ်မှာ ပါခဲ့တဲ့ တပ်မှူးငယ်အချိူ့အပါအဝင် ပါဝင်သူအားလုံးကိုဖော်ထုတ် အရေးယူအပြစ်ပေးထားပြီးဖြစ်တယ်လို့ လည်း AA ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

စစ်သုံ့ပန်း ၂ ဦးကို AA တပ်ဖွဲ့ဝင်အချို့ က ညှင်းပန်းသတ်ဖြတ်ခဲ့တာကို ဗီဒီယိုဖိုင် ၂ ဖိုင်​ရောက်ရှိလာပြီးစစ်​ဆေးတဲ့အခါမှာစစ်မှန်​နေတဲ့အတွက်နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်မှ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေကို စုံစမ်းစစ်ဆေး သင့်တယ်လို့ Fortify Rights ကဇန်နဝါရီ ၂၃ ရက်​​နေ့မှာ ပြောကြားခဲ့တာပါ။

အခုဗီဒီယိုဖိုင်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက စစ်တပ်ဝါဒဖြန့် တယ်လီဂရန်​တွေမှာ စတင်ပျံ့နှံ့ခဲ့ပြီး​တော့ လူမျိုး​ရေးအမုန်းပွားဖို့ လှုံ့​ဆော်​​နေတာဆက်တိုက်​တွေ့ခဲ့ရပါတယ်။

“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရန်သူ့တပ်သား​တွေ ကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသင့်ပါတယ်လို့ Fortify Rights ကဆိုပါတယ် ။

အာရက္ခတပ်​တော် အ​နေနဲ့ စစ်သည်​တော်ကျင့်ဝတ်​တွေ ၊ လူအခွင့်အ​ရေးကျင့်ဝတ်​တွေကို လိုက်နာဖို့ သင်တန်းမှာကတည်းကစနစ်တကျပို့ချခဲ့သလို စစ်​မြေပြင်မှာလည်း လိုက်နာဖို့ အတိအကျ ညွန်ကြားထားသလို အ​ကောင်းဆုံးလိုက်နာလုပ်​ဆောင်​နေတယ်လို့လည်း ​ဆိုပါတယ်။

စစ်တပ်က​ရခိုင်ပြည်နယ်မှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေအပါအဝင်စစ်ရာဇဝတ်မှု​တွေများစွာကျူးလွန်ခဲ့တယ်လို့ AA က​ပြောပါတယ်။ AA အ​နေနဲ့တိုက်ပွဲကာလ ၁၀ ​နှစ်အတွင်းမှာအခုလိုဖြစ်စဥ် အနည်းငယ်ရှိခဲ့ဖူးလို့ ကျူးလွန်သူ​တွေကိုထိထိ​ရောက်​ရောက်အ​ရေးယူခဲတယ်လို့သိရပါတယ်။ဒါ​ပေမယ့် တချို့ဖြစ်ရပ်​တွေက စစ်တပ်က အကွက်ချ လုပ်ကြံ​တဲ့ဖြစ်ရပ်​တွေသာဖြစ်တယ်လို့လည်းခိုင်သုခက​ပြောပါတယ်။

“ဒီကိစ္စတစ်ခုတည်းကို ကြည့်ပြီး ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသ ပေးပြီးတော့ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတာကို မမေ့ဖို့လိုပါတယ်။ မြင်အောင်ကြည့်ဖို့လည်း လိုပါတယ်။ ဒီကိစ္စဟာ ကျွန်​တော်တို့ရဲ့ မူဝါဒနဲ့လုံးဝ ဆန့်ကျင်ပါတယ် ။ဒီလိုမျိုး ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကိုလုံးဝလက်မခံပါဘူး ။ကျူးလွန်တဲ့သူဟူသမျှကိုလည်းအ​ရေးယူအပြစ်​ပေးသွားမှာဖြစ်ပါတယ် “လို့သူကဆက်​ပြောပါတယ်။

အခုလိုကိစ္စမျိုး ​နောက်ထပ်မဖြစ်​အောင်အ​ကောင်းဆုံးထိန်း​ကြောင်းပြီး​တော့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ် လို့ အာရက္ခတပ်​တော်​ပြော​ရေးဆို့ခွင့်ရှိသူက​ပြောပါတယ်။

တဖက်မှာ စစ်​ကောင်စီလက်​အောက်ခံတပ်​တွေဟာ အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံသား​တွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အတွက် ပြည်သူ ၆၂၀၀ ​ကျော်​သေဆုံးခဲ့တယ်လို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်းက ထုတ်ပြန်ထားပါတယ် ။ဒီအ​ရေအတွက်ဟာ အမည်နဲ့တကွ အချက်အလက်အ​သေးစိပ်အတည်ပြုနိုင်တာပဲရှိ​သေးပြီး စီစစ်​အတည်ပြုနေဆဲ သတ်ဖြတ်ခံရသူ​နောက်ထပ် ၃၀၀၀ ​ခန့်ရှိပါ​သေးတယ် ။ဒါ​ကြောင့် စစ်​​ကောင်စီလက်​အောက်ခံ တပ်​တွေကသတ်ဖြတ်ခဲ့​​​ပေမယ့်ဒီစာရင်းမှာမပါ​သေးတဲ့ သူ​တွေလည်းရှိ​သေးတဲ့အတွက် အ​ရေအတွက်ကဒီထက်ပိုများနိုင်ပါတယ် ။ဒါအပြင် စစ်တပ်ကအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တဲ့ ၊စစ်ရာဝတ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်​စဥ်​ပေါင်း အာဏာသိမ်းပြီး​နောက်ပိုင်းအကြိမ်​ရေ ရာနဲ့ချီ ကျူးလွန်ခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများ၏ စကားသံများကို ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်းစစ်သားများ လက်နက်ချရန်အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် ဖမ်းမိစစ်သုံ့ပန်များက တိုက်တွန်းပြောဆိုသည်။

သတင်း

ကဖေး/People’s Spring ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးမြို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြုပ်မိုင်းများကို အာရက္ခတပ်တော်(AA)က ရှင်းလင်း ရေးလုပ်ဆောင်နေသည်။ သျှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရားများအနီးဝန်းကျင်တွင် မိုင်ရှင်လင်း‌ ရေးလုပ်ဆောင်နေခြင်းဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ၂၈ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ မသိမ်းပိုက်မီ တိုက်ပွဲများပြင်းထန်နေစဉ် ၂၀၂၃...

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။