Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုနှင့် တနင်္သာရီအစပ်တွင် စစ်ကောင်စီတပ်က ကျေးရွာများ စစ်ကြောင်းထိုးနေ

စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်သွား

စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ (ဓာတ်ပုံ - Ye Naung Seven Colour)

ကျော်ဇော/People’s Spring

စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်အစပ်ရှိ ကျေးရွာများအား ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးနေပြီး စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်သွားကြောင်း မြိတ်ခရိုင် ပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁နာရီခန့်က အင်အား ၃၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ပြင်ဝန်းအနောက်ကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးကြရပြီး စိတ်ကျန်းမာရေးမကောင်းသည့် မောင်နိုင်ဆိုသူအား သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

“ရွာမဝင်ခင် သေနတ်တွေအများကြီးပစ်ပြီးရွာသားတွေထွက်ပြေးမှ ရွာထဲဝင်ပြီး ထမင်းစားနေတဲ့မောင်နိုင်အိမ်တံခါးကိုကန်ဖွင့်ပြီးသေနတ်သုံးချက်ပစ်ခံရတာ”ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံများကျေးရွာအတွင်းပြန်လည်ဝင်ရောက်ခွင့်ရချိန် ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်)ညနေ ၄နာရီခန့်၌ အသုဘချခွင့်ရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကျွန်းစုနှင့် တနင်္သာရီမြို့နယ်အစပ်ရှိ ပြင်ဝန်းအနောက်ကျေးရွာတွင် အင်အား ၃၀ခန့်၊ ဝါရစ်ရွာတွင် အင်အား ၃၀ ခန့်၊ မွေးရှောင်ရွာတွင် ၃၀ခန့်နှင့် သက္ကယ်ကျင်းကျေးရွာတွင် အင်အား ၅၀ ခန့်ဖြင့် တပ်ဖြန့်ထားပြီး လယ်သစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသော ကျေးရွာများမှ ဒေသခံပြည်သူအများအပြားမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျှက်ရှိကြကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်အတွင်း တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၆ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိသလို စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရဲ ဘော်အချို့ ကျဆုံးခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ညနေမှာ သတင်းထုတ်ပြန်ပါတယ်။