Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

ဩဂုတ် ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

လမိုင်းကော့ရွာဟာ KNU အုပ်ချုပ်နယ်နယ်မြေ သတ်မှတ်ချက်အရ KNU မြိတ်ထားဝယ်ခရိုင်

‎လယ်မူလားမြိုနယ်ထဲမှာ ရှိတာပါ။ စစ်တပ်က လမိုင်းကော့ရွာကို ဩဂုတ် ၄ရက်ညနေပိုင်းမှာ ဗုံးကြဲခဲ့ရာ အမျိုးသမီး ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU ထိန်းချုပ်ဒေသတွေက ကျေးရွာတွေကို လေကြောင်းလက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဩဂုတ် ၂ရက်ကလည်း စစ်ကောင်စီက KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လယ်မူသောရွာကို လေကြောင်းဗုံးကြဲခဲ့လို့ စစ်ရှောင် ကလေးငယ်တွေအပါအဝင် ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၃၁ရက်ကလည်း စစ်တပ်က တောကြောင်ပေါက်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့တဲ့ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၊ အထူးသဖြင့် ကလေးသူငယ်များမှာ အေးချမ်းသက်သာစွာ စာပေသင်ကြားရခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းများနဲ့ ရင်ဆိုင်နေကြရကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး ဒေသခံ ပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေအောက်မှာ နေထိုင်နေကြရတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။