Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်က ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ကလေးငယ် ၇ဦးအထိ တိုးလာ

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးမှုတွေနဲ့ ထိခိုက်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ကျမ်းစာသင်တန်းနဲ့ဂီတသင်တန်းကိုစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးသေဆုံးသူစုစုပေါင်း ၁၁ဦးထိရှိ

မတ်-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တဖီလေးခိုရွာ ဘုရားကျောင်းမှာ ကလေးငယ် ကျောင်းသားကျောင်းသူတွေ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း တက်ရောက်သင်ကြားနေစဉ် မတ်လ ၉ရက် နေ့လည် ၁၂နာရီခွဲမှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” သေဆုံးတာက ကလေး ၇ဦး၊ လူကြီး ၄ဦး ရှိပြီ။ အစက ၆ဦး သေဆုံးဒဏ်ရာရ ၉ဦးရှိတာ။ ၉ဦးထဲက ၅ဦး ထပ်သေဆုံးတယ်။ ဒဏ်ရာပြင်းထန် တော့ ဆေးရုံ(နယ်ဆေးခန်း)ရောက်ချိန် ထပ်ပြီးသေဆုံးတာ။ နယ်ဆေးခန်းပဲရှိတယ်”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

KNU ဗဟိုကလည်း တဖီလေးခိုရွာ ခရစ်ယာန် ဘုရားကျောင်း ဗုံးကြဲခံရမှု နောက်ဆက်တွဲ သတင်းထုတ်ပြန်မှု ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် တဖီလေးခိုကျောင်းသား (၅)ဦး၊ ထီးနီးဖောထာကျောင်းသား(၁)ဦး၊ စီပရက် ကျောင်းသား (၁)ဦး စုစုပေါင်း (၇)ဦး ထိခိုက် သေဆုံးကာ တဖီလေးခိုကျောင်းသား(၃)ဦး နဲ့ တိုးတယ်ထာကျောင်းသား(၁)ဦး စုစုပေါင်း ကျောင်းသား၊သူ(၄)ဦးမှာ ဒဏ်ရာရရှိခဲ့သလို အခြား အရပ်သား ၄ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ၂တန်း၊ ၄တန်း၊ ၅တန်း အရွယ် ကလေးငယ်တွေဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ၁တန်း၊ ၅တန်း၊ ၆တန်းနဲ့ ၈တန်းအရွယ်က လေးငယ်တွေဖြစ်တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီဟာ မတ်လ ၁၀ရက်မှာလည်း တနင်္သာရီမြို့နယ် တကူကျေးရွာကို လေကြောင်းဗုံးကြဲမှု ထပ်မံ ပြုလုပ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၄ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၃ဦးဟာ ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတာကောင့် ထိုင်းနိုင်ငံ ဆေးရုံမှာ ဆေးကုသနိုင်ဖို့ KNU မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း အသိပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြန်ရွေးကောက်ပွဲ ပြုလုပ်နေချိန်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိုမိုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန် နေကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေအပါအဝင် ပြည်သူကို ရက်စက်စွာ တိုက်ခိုက်တဲ့ ကျူးလွန်မှုတွေကို ပိုမိုတိုးမြှင့်ပြုလုပ်လာနေကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။