Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

စစ်ဆင်ရေးတစ်ခုအတွင်း တိုက်ခိုက်နေသော ဒူရကစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဒူရကစစ်ကြောင်း)

ဟန်နွေ/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ပြည်သူများအား မတရားဆက်ကြေးကောက်ခံခြင်း၊ အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေသည့် ဂိတ်ဖြစ်ပြီး ဇန်နဝါရီ ၂၇ရက် ည ၇နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာမြင့်ခဲ့ဟု ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်သည်။ သို့သော် စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်အခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

Public Service Announcement

Public Service Announcement

“လက်နက်ရတာမျိုးတော့မရှိဘူးခင်ဗျ”ဟု ရေဖြူ PDF တာဝန်ရှိသူက ပြောသည်။ တော်လှန်ရေးရဲဘော်များလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအား ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် လည်း တိုက်တွန်းထားသည်။

“စစ်ရေးပစ်မှတ်နဲ့ အဝေးမှာ နေဖို့ စစ်ရေးသတိဖြင့် သွားလာကြရန်နဲ့ မလိုအပ်ဘဲ အပြင်သွားတာတို့ ရှောင်ရှားစေလိုပါတယ်”ဟု ရေဖြူ PDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်နယ် အရှေ့တောဒေသရှိ ပကာရီစခန်းနှင့် (၈)မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း ထားဝယ်(ပကဖ)နှင့် အဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။

သတင်း

မောင်မယ်ရှောင် ကျေးရွာ၊ ရှင် ဓာတ်ဝဲ ဘုရားအနီးတွင် နှစ်ဘက် တပ်ဆိုင်ထားဆဲဖြစ်၍ပြည်သူများ စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

သတင်း

အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းကို တော်လှန်ရေးရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယမန်နေ့ ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ရေဝိုင်းရွာသို့စစ်ကြောင်းထိုးပြီး ပြန်ဆုတ်ချိန်မှ စစ်ဆေးရေးဂိတ်ရှိစစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်းဖြစ်ကာ စစ်သားတစ်ဦးသေဆုံးကြောင်း DGRFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။