Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

စစ်ဆင်ရေးတစ်ခုအတွင်း တိုက်ခိုက်နေသော ဒူရကစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဒူရကစစ်ကြောင်း)

ဟန်နွေ/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ပြည်သူများအား မတရားဆက်ကြေးကောက်ခံခြင်း၊ အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေသည့် ဂိတ်ဖြစ်ပြီး ဇန်နဝါရီ ၂၇ရက် ည ၇နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာမြင့်ခဲ့ဟု ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်သည်။ သို့သော် စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်အခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

Public Service Announcement

Public Service Announcement

“လက်နက်ရတာမျိုးတော့မရှိဘူးခင်ဗျ”ဟု ရေဖြူ PDF တာဝန်ရှိသူက ပြောသည်။ တော်လှန်ရေးရဲဘော်များလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအား ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် လည်း တိုက်တွန်းထားသည်။

“စစ်ရေးပစ်မှတ်နဲ့ အဝေးမှာ နေဖို့ စစ်ရေးသတိဖြင့် သွားလာကြရန်နဲ့ မလိုအပ်ဘဲ အပြင်သွားတာတို့ ရှောင်ရှားစေလိုပါတယ်”ဟု ရေဖြူ PDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

သတင်း

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force - SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။