Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့ တံခွန်ငါးစျေးအနီး လက်နက်ကြီးအထိုင်ချစစ်တပ်စခန်း တိုက်ခိုက်ခံရ

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force – SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။

ထားဝယ်အခြေစိုက် Special Guerrilla Force မှ ရဲဘော်အချို့အား စစ်ရေးလှုပ်ရှားမှုတစ်ခုတွင် တွေ့ရစဥ်။ ။ဓာတ်ပုံ - SGF

ဇွန် – ၆၊ ၂၀၂၅။​ကျော်စွာ/People’s Spring

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force – SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။

မေလ ၃၀ ရက်နေ့ည ၇ နာရီခန့်က ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ တံခွန်ငါးစျေးအနီး လက်နက်ကြီးအထိုင်ချထားသော စစ်ကောင်စီတပ်ကို SGF နှင့် ပင်လယ်ကြယ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ကျနော်တို့ ပြောမယ်ဆိုရင် သတင်းကြိုရတဲ့အ
တွက် လက်နက်ကြီးအထိုင်ချထားတဲ့နေရာကို သွားတိုက်ခိုက်တာဗျ။ အဲဒီနေရာက လောင်းလုံဘက်မှာဖြစ်ဖြစ်၊ ထားဝယ်အနီးတိုက်ပွဲဖြစ်တာဖြစ်ဖြစ် လက်ကြီးနဲ့လှမ်းထုနေကြနေရာ”ဟု ထားဝယ်အခြေစိုက် Special Guerrilla Force – SGF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအမြှောက်တပ်တစ်ခုမှ ဗျူဟာမှူးအပါဝင် (၁၁)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာတော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိ​ပေ။

တိုက်ခိုက်ခံရသည့် ထားဝယ်ကမ်းနားလမ်း၊ တံခွန်ငါးစျေးရှိ လက်နက်ကြီးအထိုင်တွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်မှ အင်အား ၁၀ ဦးကျော်တပ်ချထားလေ့ရှိရာ စစ်ဆင်ရေးပြုလုပ်သည့်နေ့တွင် ဗျူဟာမှူးဦးဆောင်၍ ၁၅ ဦးခန့်ရှိနေကြောင်း SGF ထံမှ သိရသည်။

အထက်ပါ တံခွန်ငါးစျေး လက်နက်ကြီးအထိုင်ချနေရာအား တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဆိုသော စစ်ကောင်စီတပ်ဗျူဟာမှူးမှာ အမြှောက်တပ်မှဟုသာသိရှိရပြီး ၎င်း၏နာမည်နှင့် မိခင်တပ်ရင်းတို့ကိုသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာတတိယပတ်က သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနဲ့အတူ အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

သတင်း

ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။