Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်တပ်က ကျေးရွာများ မီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ယနေ့(ဇန်နဝါရီ ၃၀ ရက်) နံနက်ပိုင်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေါင်းစစ်အောင်(LPDF) တပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

စလင်းမြို့နယ်၊ အုန်းတောရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဇန်နဝါရီ ၃၀ရက် ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေစဥ်(ဓာတ်ပုံ - ဒေါင်းစစ်အောင်)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ယနေ့(ဇန်နဝါရီ ၃၀ ရက်) နံနက်ပိုင်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေါင်းစစ်အောင်(LPDF) တပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ယနေ့နံနက် ၁၀နာရီခွဲခန့်တွင် သရက်ချဥ်ကျေးရွာအနောက်ဘက်ရှိ ကျောင်းကုန်း၊ ဆားမြေကျင်း၊ အုန်းတောကျေးရွာနှင့် ကညှပ်ကျေးရွာများသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး အဆိုပါကျေးရွာများအနက် အုန်းတောကျေးရွာကို စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ခံက ပြောသည်။

“အခုမနက် ၁၀ နာရီခွဲလောက်မှ စရှို့တာပေါ့နော။ (အဝေးမှ)အုန်းတောကျေးရွာလို့ ယူဆရတယ်။ နောက်ဘယ်ရွာတွေ ဆက်ဦးမလဲ စောင့်ကြည့်နေရတဲ့ အခြေအနေပေါ့”ဟု ဒေါင်းစစ်အောင်တပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ပူး ပေါင်းအင်အား ၈၀ကျော်သည် ဇန်နဝါရီ ၂၈ရက် တွင် အဝေးပြေးလမ်းဟောင်းအတိုင်း သံချပ်ကာယာဉ်တစ်စီး၊ ၁၀ ဘီးကားနှစ်စီး၊ ​၆ ဘီးကားတစ်စီးဖြင့် ထွက်လာပြီး ထူးပေါက်းကျေးရွာအနီး ယာဥ်များရပ်၍ ပေါင်လောင်နှင့် ကြည်တော်စုကျေးရွာများသို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ယင်းနောက် ကြည်တော်စုရွာ၌ လက်နက်ကြီးများအထိုင်ချကာ ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်စဥ် မိုးဝန်းကျေးရွာသို့ကျရောက်ပြီး ကျောင်းတက်ရောက်နေသည့် G12 ကျောင်းသူတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် (BA)က ထုတ်ပြန်သည်။

အလားတူ ဇန်နဝါရီ ၂၉ရက်တွင် စစ်ကောင်စီတပ်များသည် သရက်ချဥ်ကျေးရွာသို့ ဝင်ရောက်စဥ် တော်လှန်ရေးမဟာမိတ်တပ်များကြား နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲချိန် ၁နာရီကျော်ကြာမြင့်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး စလင်းမြို့နယ် ပျူခေါင်းဆောင်အပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ဗမာ့တပ်တော်က အသိပေးထားသည်။

“မနေ့ညနေပိုင်းကနေ ဒီမနက်အထိတော့ ထိတွေ့မှုမဖြစ်သေးပါဘူး။ သူတို့ဘက်ကတော့ ဒရုန်းတွေနဲ့ ဗုံးသီးတွေချတယ်၊ လက်နက်ကြီး ရမ်းသမ်းပစ်တာတွေ ရှိပါတယ်”ဟု ဒေသအခြေစိုက် ဒေါင်းစစ်အောင်တပ်ဖွဲ့တာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်​၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ယနေ့နံနက် စစ်ကောင်စီတပ်များ ဝင်ရောက်နေသည့် အုန်းတော၊ ဆားမြေကျင်းနှင့် ကျောင်းကုန်းကျေးရွာများသည် တော်လှန် ရေးတပ်ဖွဲ့များ ခြေကုပ်ယူစစ်ရေးလှုပ်ရှားသည့် စိုးမိုးနယ်မြေအစပ်တွင်တည်ရှိပြီး နှစ်ဘက်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် ဒေါင်းစစ်အောင် (LPDF)၊ မင်းဘူးခရိုင်လက် ရုံးအဖွဲ့၊ ဗမာ့တပ်တော်(BA)၊ မင်းဘူးခရိုင်တပ်ရင် (၅)တို့ပါဝင်ပြီး နှစ်ဘက်စစ်ဆိုင်ထားဆဲ ဖြစ်သည်။

အလားတူ ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် သရက်ချဥ်ကျေးရွာအပါအဝင် ကျေးရွာအချို့မှ ပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင် ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အထည်များလိုအပ်နေကြောင်း အကူအညီပေးရေးလုပ်ဆောင်နေသူများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။