သုည/People’s Spring
အီတလီနိုင်ငံ၊ မီလန်မြို့ရှိ PIME ဗဟိုဌာန ဥယျာဉ်ဝင်းတွင် ပြည်ပရောက်မြန်မာများက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယနေ့ (ဇန်နဝါရီ ၃၀) ပြုလုပ်ခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်တွင်းရှိ ပြည်သူ၊ ပြည်သားများ အသက်၊ အိုးအိမ်ဆုံးရှုံးစွန့်ခွာနေရသည်မှာ (၄)နှစ်တာ ကြာရှိလာပြီဖြစ်၍ အမြန်ဆုံး ငြိမ်းချမ်းပါစေကြောင်း မေတ္တာသုတ်ရွတ်ဆိုခဲ့ကြပြီး ကမ္ဘာကြီးနှင့်အတူ မြန်မာပြည်သူများလည်း ငြိမ်းချမ်းကြစေရန် ဆုတောင်းခဲ့သည်။
အဆိုပါဆုတောင်းပွဲကို အီတလီရောက် မြန်မာများအပါအဝင် PIME အဖွဲ့အစည်းက ဦးစီးပြုလုပ်ခဲ့သည်။

Public Service Announcement
