Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ နွေဦးအောင်လံဆုတောင်းပွဲ

ပြည်သူများအနေဖြင့် ဇူလိုင် ၃၁ နှင့် ဩဂုတ် ၁ ရက်နေ့များတွင် ကိုးကွယ်သည့်ဘာသာအလိုက် ဆုတောင်းပေးကြရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ နွေဦးအောင်လံဆုတောင်းပွဲ
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ နွေဦးအောင်လံဆုတောင်းပွဲ

စစ်ကောင်စီက မတရားဖမ်းဆီးမှုခံထားရသည့် ပြည်သူများလွတ်မြောက်ရေးအတွက် နွေဦးအောင်လံ ဆုတောင်းပွဲကို တော်လှန်ရေးအင်အားစုများ ပေါင်း၍ အွန်လိုင်းမှပြုလုပ်မည်ဟု စမ်းချောင်းပင်ပသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။

“ဘုံရည်မှန်းချက်ချင်းတူတဲ့တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး အစွန်းရောက်အကြမ်းဖက် စစ်အုပ်စုရဲ့မတရားဖမ်းဆီးခံထားရပြီး တော်လှန်ရေးရဲ့ဗဟိုချက်မတွေဖြစ်တဲ့နိုင်ငံရေးအကျဥ်းသား သူရဲကောင်းတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး”နွေဦးအောင်လံ ဆုတောင်းပွဲ”ကျင်းပပြုလုပ်ကြဖို့ စီစဥ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ “ဟု ၎င်းကပြောသည်။

ယင်းဆုတောင်းပွဲကို ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီတွင် Zoom Platform မှပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးအင်းအားစုများ၊ ဘာသာပေါင်းစုံမှဆရာများ နှင့်အတူ ပြည်သူများလည်းပါဝင်မည်ဟု သိရသည်။

ဆုတောင်းပွဲတွင်စစ်ကောင်စီကမတရားဖမ်းဆီးထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၉,၅၉၃ ယောက် ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆန္ဒပြု ဆုတောင်းမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပြည်သူများအနေနဲ့ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများလုံးလွတ်မြောက်ဖို့အတွက် “နွေဦးအောင်လံ ဆုတောင်းပွဲ” ကို ပူပေါင်းပေးပါ ၊ ဆုတောင်းပေးကြပါ ။ နိုင်ငံကိုကယ်တင်ဖို့အတွက် ❝ တော်လှန်ခြင်းမှတပါး အခြားမရှိတော့ပါ ❞ ” ဟု နွေဦးအောင်လံဆုတောင်းပွဲကျင်းပရေးအဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့်ပြည်သူများအနေဖြင့် ဇူလိုင် ၃၁ နှင့် ဩဂုတ် ၁ ရက်နေ့များတွင် ကိုးကွယ်သည့်ဘာသာအလိုက် ဆုတောင်းပေးကြရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Facebook