Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတိုင်းအောင်မြင်စေဆိုကာ စစ်ကောင်စီမန်းဝန်ကြီးချုပ်နှင့်အဖွဲ့ ဆုတောင်းပွဲပြုလုပ်နေ

စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်၍ စစ်ပွဲတိုင်း အောင်မြင်စေရန်ဆိုကာ မန္တလေးစွယ်တော်၌ ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ဆုတောင်းပွဲ ဩဂုတ် ၂၂ရက်က ပြုလု​ပ်နေကြောင်း သတင်းရရှိသည်။

မန္တလေးစွယ်တော်တွင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်နေစဥ်။ဓာတ်ပုံ-စကစ

ဇေအောင်/People’s Spring

စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်၍ စစ်ပွဲတိုင်း အောင်မြင်စေရန်ဆိုကာ မန္တလေးစွယ်တော်၌ ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ဆုတောင်းပွဲ ဩဂုတ် ၂၂ရက်က ပြုလု​ပ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ​၏ ဝန်ကြီးချုပ် မျိုးအောင် ဦးဆောင်ပြီး စစ်ကောင်စီလက်အောက်ခံ တိုင်းသံဃနာယကအဖွဲ့ဝင်ဆရာတော်များပါ ကြွရောက်ခဲ့သည်။ ထို့အပြင် Non CDM ဝန်ထမ်းများကလည်း ပါဝင်ပြီး ၁၀ရက်တိုင်ပြုလုပ်သွားမ​ည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ရွတ်ဖတ်ကြမည့် ဥပ္ပါတသန္တိကျမ်းမှာ အင်အားကြီးမားသော ရန်သူတို့ အန္တရာယ်ပြုသဖြင့် အရံအတားအလို့ငှါ စီရင်သည်ဟု သိရသည်။

“ရည်ရွယ်ချက်ရှိရှိ ရွတ်ခိုင်းတာပါ။သူတို့စစ်ရှုံးနေလို့ ဘုရားတွေ နတ်တွေကိုခုတုံးလုပ်ကာစောင့်ရှောက်ခိုင်းနေတာပါ။”ဟု ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မန္တလေးမြို့အတွင်း မြို့သိမ်းတိုက်ပွဲများ ပြုလုပ်လာမည်ကိုစိုးရိမ်၍ နန်းတွင်းရှိ တပ်မိသားစုများအပါအဝင် စစ်တပ်နှင့်ရဲစခန်းများအတွင်းရှိ မိသားစုဝင်များ ပြင်ပသို့ပြောင်းရွှေ့နေထိုင်နေကြသည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့ဘက်အထွက်တွင် စစ်ကောင်စီတပ်က ကင်းစခန်းအချို့ ထပ်မံတိုးမြှင့်ထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မန္တလေးနန်းမြို့ကျုံးမြို့ရိုးပတ်လည် အုတ်ရိုးများကြားတွင် စစ်ကောင်စီက သဲအိတ်များညှပ်၍ ဘန်ကာများ ပြုလုပ်ထားပြီး ကျုံးပတ်လ​ည်နှင့် မြို့တွင်း အထပ်မြင့်တိုက်များတွင်ပါ တပ်စွဲရန် ပြင်ဆင်နေကြောင်း ​မန္တလေးမြို့ခံများက ပြောသည်။

ထို့အပြင် အရေးပေါ်အသုံးပြုရန်အတွက် ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းကိုပါ ပြန်လည်ပြင်ဆင်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် မန္တလေး PDFနှင့်ပူးပေါင်းတပ်များသည် မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူးနှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ သပိတ်ကျင်းနှင့်မတ္တရာမြိူ့နယ်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မန္တလေးမြို့နှင့် (၅)မိုင်ခန့်အကွာ ပုသိမ်ကြီးမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။