Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံမြို့ကို ထိန်းချုပ်ထားနိုင်ဟု စစ်ကောင်စီဝါဒဖြန့်

ရုံးနှင့် ဟိုတယ်များကိုပြန်ဖွင့်ခိုင်းပြီး စစ်ရှောင်ပြည်သူများပြန်လာရန် ဖိအားပေး

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် ​တွေ့ရ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ရွှေသောင်ယံ​ဒေသတွင် တိုက်ပွဲများ​ခေတ္တငြိမ်သက်သွားပြီးနောက် ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီက ဝါဒဖြန့်ပြီး တိမ်းရှောင်သွားသည် စစ်ဘေးရှောင်များအား ပြန်လာရန်၊ စစ်​ကောင်စီရုံးများ နှင့် ဟိုတယ်များ မဖြစ်မနေဖွင့်လှစ်ရန် ဖိအား​ပေးနေသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက ရွှေသောင်ယံမြို့၊ မကျီးဇင်ရွာ နှင့် ဘောမိရွာ၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် ဒေသခံအများအပြားသည် ထွက်ပြေးရှောင်ခဲ့ကြသည်။

ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်သုံးခုအပြင် ကျေးရွာများမှ ဒေသခံအများစုသည် ရန်ကုန်၊ ပုသိမ်၊ မအူပင်၊ ရေကြည်၊ ငါးသိုင်းချောင်းစသည့်​ဒေသများသို့ ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရွှေ​သောင်ယံ ​ဒေသကို ​မြေပုံတွင်​တွေ့ရမှု

ရွှေသောင်ယံမြို့နှင့် ဆယ်မိုင်ခန့်အကွာမှ ဘောမိကျေးရွာကို ဇန်နဝါရီလ၁၆ရက်တွင် အာရက္ခတပ်တော်(AA)က သိမ်းယူပြီးသည့်နောက် တိုက်ပွဲများငြိမ်သက်နေသည်။ ထို့ကြောင့် ရွှေသောင်ယံမြို့ပေါ်တွင် တပ်စွဲထားသည့်စစ်ကောင်စီက ဒေသခံများကို ပြန်လာရန် ဖိအားပေးနေသည်။

“အိမ်ကို ခဏပြန်ကြည့်တာ။အဲ့ဒါကျန်တဲ့အိမ်သားတွေပါပြန်လာဖို့ အမိန့်ပေးသလိုလိုလာပြောတယ်။ ရွှေသောင်ယံရဲစခန်းမှူးကအဆိုးဆုံးပဲ” ဟုရေကြည်မြို့တွင် စစ်ဘေးလာရှောင်သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွှေသောင်ယံမြို့မှ ပိတ်ထားသည့် ဟိုတယ်များကိုလည်း ပြန်ဖွင့်ရန် ဖိအားပေးနေကြောင်း သတင်းရရှိသည်။ရွှေသောင်ယံမြို့ပေါ်တွင် ဟိုတယ်သုံးလုံး နှင့် ဆောက်လက်စဟိုတယ်အချို့ရှိပြီး လက်ရှိတွင် အားလုံးပိတ်ထားသည်။

“ဟိုတယ်တွေအကုန်ပိတ်ထားတယ်။​ရွှေသောင်ယံထဲမှာတိုက်ပွဲမဖြစ်ပေမယ့် ပစ်ခတ်သံတွေကြားနေရတယ်။ လာလည်တဲ့သူလည်းမရှိဘူး”ဟု ဒေသခံတဦးကပြောသည်။

စစ်ဘေးတိမ်းရှောင်သွားသည့် ရွှေသောင်ယံဒေသခံ အရေအတွက်သည် ၃၀၀၀ခန့်ရှိနိုင်ကြောင်းစုံစမ်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရွှေသောင်ယံမြို့ပေါ်နှင့် မလှမ်းမကမ်းမှ တပင်မှော်၊သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင်ထပ်မံခံစစ်ပြင်ထားသည်။ဇန်နဝါရီလ၂၈ရက်နေ့ကတပင်မှော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးခဲ့သည်။

အာရက္ခတပ်တော်(AA)က ရွှေသောင်ယံမြို့နှင့်ဆက်စပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်ပိုင်းတွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ မကျီစင်ရွာတွင်လည်း တိုက်ပွဲငြိမ်သက်နေစဉ် စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်ထားနိုင်ပြီဟု ဝါဒဖြန့်ဖူးသည်။ သို့သော်

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် ​တွေ့ရ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

AAနှင့် ပူးပေါင်းတပ်များက ဘောမိရွာမှစစ်ကောင်စီတပ်ကို ဇန်နဝါရီလ၁၆ရက်နေ့တွင် ရုတ်တရက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဆုတ်ထွက်ပြေးခဲ့ရဖူးသည်။ တိုက်ပွဲအတွင်းစစ်​ကောင်စီတပ်မှ သံချပ်ကာယာဥ်များ ကို ​တော်လှန်​ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း ယူဆချက်များကြောင့် ​ရွှေ​သောင်ယံမြို့ပေါ်နေဒေသခံများလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။သို့သော် တိုက်ပွဲသည် ရွှေသောင်ယံမြို့ပေါ်ဘက်သို့ ဆက်တိုးမလာ​ဘဲ သာပေါင်းမြို့နယ်နယ်စပ်ဘက်သို့ ရောက်ရှိသွားပြီး ရွှေသောင်ယံနှင့်သာပေါင်းမြို့နယ်စပ် ကျေးရွာအချို့တွင် တိုက်ပွဲဆက်ဖြစ်နေသည်။ ဇန်နဝါရီလ၂၈ရက်နေ့တိုက်ပွဲ၌ သာပေါင်းရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်ဦးကို AAက စနိုက်ဘာဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်။

အာရက္ခတပ်​တော် (AA) ကရခိုင်-ဧရာဝတီတိုင်းအစပ်(သို့မဟုတ်) ဧရာဝတီတိုင်းအတွင်းAA သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား စစ်တပ်က ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိ​ကြောင်း ဧရာဝတီတိုင်းအတွင်းတိုက်ပွဲကို ပထမဆုံးအကြိမ်ထုတ်ပြန်သည်။ သို့​သော်တိုက်ပွဲ​နောက်ဆက်တွဲအ​ခြေအ​နေကို ထပ်မံထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃) စခန်းအား ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ မွန်းလွဲ၂နာရီခွဲခန့် တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့​ခြင်းဖြစ်သည်။ထို့အပြင်ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ ၆ နာရီခန့်အချိန်တွင် ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ခဲ့သည်​​ကြောင်း​ဖော်ပြထားသည်။ သို့​သော် ပွိုင့် (၂၆၃)၊ ပွိုင့် (၃၆၉)စခန်းများမှာ မည်သည့်​ကျေးရွာများတွင်ဖြစ်​ကြောင်း ​ဖော်ပြမထား​ပေ။

ဆက်စပ်သတင်းများ

သတင်း

ရွှေသောင်ယံမြို့ ၊ တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ရက်နေ့က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။

သတင်း

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်​တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများကို ယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။

ဆောင်းပါး

​နွေဦး​တော်လှန်​ရေးတွင် ငြိမ်သက်လွန်းခဲ့​သောဧရာဝတီတိုင်းအတွင်း ပထမဆုံးတိုက်ပွဲက အများပြည်သူမထင်မှတ်ထားသည့် နေရာမှ စတင်ခဲ့ပြီ။ ရွှေသောင်ယံတွင် ဖြစ်သည်။

သတင်း

တင့်ကားများကို မီးရှို့ဖျက်ဆီးပြီး စစ်‌ကောင်စီတပ်အကျအဆုံးများစွာဖြင့်ဆုတ်ခွာ