Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံနှင့် သာပေါင်းတွင် AA၏တစ်ကျော့ပြန်ထိုးစစ်စိုးရိမ်၍ စစ်ကောင်စီ ခံစစ်ပြင်နေ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA)က တစ်ကျော့ပြန် ထိုးစစ်စတင်မည်ကို စိုးရိမ်နေသည့်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားတိုးထားပြီး ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုကို တင်းကြပ်ထားသည်။

အာရက္ခတပ်တော်(AA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − YouTube screengrab

မေ ၂၂၊၂၀၂၅။ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA)က တစ်ကျော့ပြန် ထိုးစစ်စတင်မည်ကို စိုးရိမ်နေသည့်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားတိုးထားပြီး ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုကို တင်းကြပ်ထားသည်။

ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီကစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအချို့ကို AAက တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေသည်။

ယခုအခါ စစ်ကောင်စီတပ်သည် စစ်မှုထမ်းသင်တန်းဆင်းများဖြင့် ရေလမ်း၊ ကုန်းလမ်းကပါ အင်အားအများအပြားပို့ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲတွေကငြိမ်နေတယ်။ စစ်တပ်ကခံစစ်ပြန်ပြင်နေတယ်။ လူစိမ်းဧည့်သည်တွေလာရင် ဖမ်းတယ်။နောက်ပြီး စစ်သင်တန်းဆင်းတွေအများကြီးပို့နေတယ်”ဟု သာပေါင်းမြို့ခံတစ်ဦးကပြောသည်။

အဆိုပါမြို့နယ်နှစ်ခုတွင် ဒေသခံများ၏ ကုန်စည်ရောင်းဝယ်မှုကိုလည်း စစ်ကောင်စီက အလွန်တင်းကြပ်ထားသည်။

” ကုန်ဝယ်ရမယ်ဆို ဝယ်မယ့်စာရင်းကို ထွေအုပ်ကို တစ်ရက်ကြိုတင်ရတယ်။ တစ်ခါတင်ရင် ၅၀၀၀ ပေးရတယ်။ အဲ့ဒီစာရင်းကို လမ်းမှာ စစ်တယ်။ ဆေးဆိုရင် ပေးမသယ်ဘူး” ဟု ချောင်းသာကမ်းခြေ ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၂၉ရက်က ရခိုင်ပြည်နယ် ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ရခိုင် − ဧရာဝတီဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။

ဂွမြို့နှင့် ထိစပ်နေသော ရွှေသောင်ယံမြို့တွင် ဇန်နဝါရီ ၁၆ ရက်ကစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဘောမိနှင့် မကျည်းစင်ကျေးရွာမှ စစ်ကောင်စီစခန်းများကို AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဖေဖော်ဝါရီတွင် AAထိုးစစ်ရပ်သွားပြီး တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ စစ်ဘေးရှောင်သွားသည့်ဒေသခံများသည် မတ်လအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် ရွှေသောင်ယံဧည့်ရိပ်သာ၊ ရဲစခန်း၊ ဝက်သေကမ်းခြေ၊ တပင်မှော်ကျေးရွာတို့တွင် စစ်ကောင်စီက တပ်စွဲထားသည်။

ထို့အပြင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာမှ စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၃ရက်တွင် AAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက်ပိုင်း တိုက်ပွဲငြိမ်သက်သွားခဲ့သည်။

ဖေဖော်ဝါရီလဆန်းက သာပေါင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာတွင် ဇန်နဝါရီ၂၈ရက်ကတိုက်ပွဲအတွင်း သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်ဦးသည် AA၏ စနိုက်ပါကျည်ထိမှန် သေဆုံးသွားခဲ့သေးသည်။

ယခုအခါ AAသည် သာပေါင်းနှင့် ဆက်စပ်နေသော ရေကြည်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမြောက်တပ် (အမတ−၃၄၄)ကာကင်းစခန်းများလည်း တိုက်ခိုက်နေပြီး အဆိုပါနေရာပတ်ဝန်းကျင်ရှိ လေးမျက်နှာမြို့နယ်အတွင်းတွင်လည်း စစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။