Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင်စနစ် နဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်းဒီကနေ့ (ဖေဖော်ဝါရီ ၂)ရက်​​နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်းဒီကနေ့ (ဖေဖော်ဝါရီ ၂)ရက်​​နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းက အဖွဲ့ဝင်တွေ၊ ဗကသ၊ တကသ ကျောင်းသားတွေက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း တော်လှန်ကျောင်းသား၊ ကျောင်းသူ လူငယ်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာလူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီ၊ ဘုတလင်မြို့နယ်သပိတ်အင်အားစုနဲ့အမျိုးသမီးမဟာမိတ်အင်အားစု(WAB) တို့က ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင်ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ဝက်လက်ဒေသသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ကိုဆန့် ကျင်ကြောင်းနဲ့ စစ်မှုထမ်းဥပဒေကိုအလိုမရှိကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

အကြံပြုချက်

နိုင်ငံအနှံ့ စစ်ရေးအထိနာရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တရားမဝင် စစ်မှုထမ်းဥပဒေအား အသက်သွင်းပြဌာန်းပြီး လူငယ်ထောင်သောင်းချီ အတင်းအဓမ္မစုဆောင်းနေသလို ယခုအခါ စစ်မှုထမ်းနည်းဥပဒေကို ထပ်မံထုတ်ပြန်ကာ ပြည်သူလူထုတရပ်လုံး၏ လူမှုဘဝကို အပြင်းထန်ဆုံး ခြိမ်းခြောက်လာပါတယ်။

သတင်း

စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာကြောင်း ရှမ်းတောင်နှင့် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင်ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၈ရက်)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။