Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင်စနစ် နဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်းဒီကနေ့ (ဖေဖော်ဝါရီ ၂)ရက်​​နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်းဒီကနေ့ (ဖေဖော်ဝါရီ ၂)ရက်​​နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းက အဖွဲ့ဝင်တွေ၊ ဗကသ၊ တကသ ကျောင်းသားတွေက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း တော်လှန်ကျောင်းသား၊ ကျောင်းသူ လူငယ်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာလူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီ၊ ဘုတလင်မြို့နယ်သပိတ်အင်အားစုနဲ့အမျိုးသမီးမဟာမိတ်အင်အားစု(WAB) တို့က ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင်ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ဝက်လက်ဒေသသပိတ်

ဆက်စပ်သတင်းများ

သတင်း

​မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်းနဲ့ မလုံခြုံမှုတွေကြောင့် အလုပ်သမားတွေနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမယ့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေကြားသို့တွန်းပို့ခံနေရကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစု က ၂၀၂၆ ခုနှစ်၊ မေဒေးလှုပ်ရှားမှုနဲ့အတူ သတိပေးပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

သတင်း

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့...

ဆောင်းပါး

လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရ​ပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။