မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကိုတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။
ဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်ပြီး PDF၊ BPLAနဲ့ FFDတို့ ကဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ခမရ(၄၀၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါအဝင် ၄၀ ခန့်သေဆုံးခဲ့တယ်လို့ အမှတ်(၂၇)စစ်ဗျူဟာကအသိပေးပါတယ်။
သေဆုံးစစ်သားတွေကို ရာထူး/အမည်နဲ့ တကွအသိပေးထားပါတယ်။

Public Service Announcement
ဒါအပြင် စကခ(၈)မှ စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင်စစ်သုံ့ပန်း(၂၇)ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။
မဲပလီဗျူဟာမှူး ဗျူဟာ(၂)၊ စကခ(၈)မှဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင်စစ်သား(၂၀)ဦးခန့်က ထွက်ပြေးသွားတဲ့အတွက်တော်လှန်ရေးတပ်တွေက လိုက်လံရှင်းလင်းလျက်ရှိပါတယ်။
တိုက်ပွဲမှာ ပူးပေါင်းတပ်မှ ၄ ဦးကျဆုံးခဲ့ပါတယ်။စစ်တပ်ထံကနေ ၁၂၂ မမ တာဝေးပစ်ဟောင်ဝစ်ဇာ ၊ ပွိုင့် ၅ အပါအဝင် လက်နက်ကြီး လက်နက်ငယ်အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီစခန်းဟာ ဒေသတွင်းမှာ အရေးကြီးတဲ့ စစ်စခန်းတစ်ခုဖြစ်ပါတယ်။
ရုပ်သံ- အမှတ်(၂၇)စစ်ဗျူဟာ
