Connect with us

Hi, what are you looking for?

သတင်း

မဲပလီစခန်းသိမ်းတိုက်ပွဲ ရုပ်သံPDF ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

မဲပလီစခန်းသိမ်းတိုက်ပွဲ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ကျားဖြူစစ်​ကြောင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

ဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦး​ဆောင်ပြီး PDF၊ BPLAနဲ့ FFDတို့ ကဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ခမရ(၄၀၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါအဝင် ၄၀ ခန့်​သေဆုံးခဲ့တယ်လို့ အမှတ်(၂၇)စစ်ဗျူဟာကအသိ​ပေးပါတယ်။

သေဆုံးစစ်သား​တွေကို ရာထူး/အမည်​နဲ့ တကွအသိ​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စကခ(၈)မှ စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင်စစ်သုံ့ပန်း(၂၇)ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

မဲပလီဗျူဟာမှူး ဗျူဟာ(၂)၊ စကခ(၈)မှဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင်စစ်သား(၂၀)ဦးခန့်က ထွက်ပြေးသွားတဲ့အတွက်​တော်လှန်​ရေးတပ်​တွေက လိုက်လံရှင်းလင်းလျက်ရှိပါတယ်။

တိုက်ပွဲမှာ ​ပူး​ပေါင်းတပ်မှ ၄ ဦးကျဆုံးခဲ့ပါတယ်။စစ်တပ်ထံက​နေ ၁၂၂ မမ တာဝေးပစ်ဟောင်ဝစ်ဇာ ၊ ပွိုင့် ၅ အပါအဝင် လက်နက်ကြီး လက်နက်ငယ်အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီစခန်းဟာ ​ဒေသတွင်းမှာ အ​ရေးကြီးတဲ့ စစ်စခန်းတစ်ခုဖြစ်ပါတယ်။

https://www.facebook.com/watch/?v=4169717726594327&rdid=tSOJm1x32fTbS5sK

ရုပ်သံ- အမှတ်(၂၇)စစ်ဗျူဟာ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်က စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းအနီး ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။