သတင်း
ဇလုပ်ကြီးကျေးရွာ အခြေစိုက် ခမရ(၅၉၈)ကို ယမန်နေ့(နိုဝင်ဘာ ၂၄ရက်) နံနက် ၇နာရီတွင် ကို KNLA နှင့် PDF ပူးပေါင်းတပ်က ရှော့တိုက်ဒုံး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Hi, what are you looking for?
ဇလုပ်ကြီးကျေးရွာ အခြေစိုက် ခမရ(၅၉၈)ကို ယမန်နေ့(နိုဝင်ဘာ ၂၄ရက်) နံနက် ၇နာရီတွင် ကို KNLA နှင့် PDF ပူးပေါင်းတပ်က ရှော့တိုက်ဒုံး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အားဆန့်ကျင်၍ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLAပူးပေါင်းတပ်ဖွဲများ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေကြောင်း ထုတ်ပြန်သည်။
သိမ်ဇရပ်မြို့အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့နှင့် ကျိုက်ထို(ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း KRF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဩဂုတ် ၁၅ ရက် နံနက် ၁၁နာရီခန့်တွင် KNUနယ်မြေ ခလယ်တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ် ခလရ(၂၈၄)နှင့် KNLA တပ်ရင်း (၁၆)၊ တပ်ခွဲ(၄) အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။
ရေးမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် ယမန်နေ့(ဩဂုတ် ၁၆ရက်)က လုံခြုံရေးစစ်ဆေးနေသည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြထုတ်ပြန်လာခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်(၁၁)လက်၊ ကျည်ဆံကျည်ဘောက်၊ ခဲယမ်း၊ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်များကို KNLA တပ်မဟာ(၃)လက်အောက်ခံ တပ်ဖွဲ့များမှ သိမ်းဆည်းရခဲ့သည်။
စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့(ဇူလိုင် ၂၅ ရက်)တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။
ဇူလိုင် ၂၂ရက်နှင့် ၂၃ရက်များက ဝင်းရေးမြို့နယ် (ရေးမြို့နယ်) ဝဲဝန်းရွာအနီးနှင့် သံဖြူဇရပ် - ရေး လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ ခမရ(၄၀၇)၊ခမရ(၁၀၄) တပ်များနှင့် ဇူလိုင် ၁၇ရက်မှ ဇူလိုင် ၂၁ရက်အထိ ၄ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသကို ဖော်ပြမထားပေ။