Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ဒရုန်းတိုက်ခိုက်မှုကြောင့် ပအိုဝ်း လင်မယား၂ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပအိုဝ်းဒေသခံ ၂ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပအိုဝ်းဒေသခံ ၂ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက် နေ့လည် ၂နာရီအချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာနေ ခွန်ဖါလိန် ၊ နန်းဆွေ တို့လင်မယား ၂ဦးသည် တောင်ယာစပါးသယ်ပြန်လာစဥ် လွယ်ချယ် – တပူးထိုရွာလမ်းခွဲအနီး၌ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဗုံးကြဲတိုက်ခိုက်၍ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

“ သူတို့ စိုက်ပျိုးရိတ်သိမ်းထားတဲ့ စပါးတွေသယ်လာတာ။ အဲဒီနေရာ ရောက်တော့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲလို့ လင်မယား ၂ဦးစလုံး အဲဒီမှာပဲ သေဆုံးသွားတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတယ်။ ပြီးတော့ ဟောင်ဝစ်ဇာအမြောက်နဲ့ လက်နက်ကြီးနဲ့လည်း ၄ကြိမ်ပစ်လာတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှုမရှိခဲ့ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်သည် ပအိုဝ်းပြည်သူကို ရန်သူသဖွယ်သတ်မှတ်ကာ တိုက်ခိုက်သတ်ဖြတ်နေခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အနေဖြင့် ပြည်သူကို ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ခွန်ရိန်းယံက ပြောသည်။

“ ဒါက ပအိုဝ်းလူမျိုး၊ ပအိုဝ်းဒေသ ပအိုဝ်းကျေးရွာတွေကို တမင်သပ်သပ် တိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ PNO ပြည်သူ့စစ်တွေက အများစုက ပအိုဝ်းပဲ ဆိုပေမယ့် သူတို့ ရဲ့ ခေါင်းဆောင် လူတစ်ဦးတယောက်ရဲ့ အကျိုးစီးပွား၊ ပအိုဝ်းလူမျိုးမဟုတ်တဲ့ သူတို့ရဲ့ ခေါင်းဆောင် ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်းနဲ့ ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်ဖြတ်နေရတဲ့အဆင့် ရောက်လာနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် PNO ပြည်သူ့စစ်မှာရှိနေတဲ့ ပအိုဝ်းတွေအနေနဲ့ သေသေချာချာ စဉ်းစားကြပါ သုံးသပ်ကြပါ” ဟု ခွန်ရိန်းယံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်က နောင်ထော်ကယန်းပိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ဩဂုတ် ၁၇ရက် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။