Connect with us

Hi, what are you looking for?

သတင်း

PNO ပြည်သူ့စစ်က ပအိုဝ်းဒေသကျေးရွာများမီးရှို့ဖျက်ဆီးသည့် ရုပ်သံမှတ်တမ်း PNLA ထုတ်ပြန်

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်က နောင်ထော်ကယန်းပိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ဩဂုတ် ၁၇ရက် ထုတ်ပြန်သည်။

ဩဂုတ် ၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က နောင်ထော်ကယန်းပိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ဩဂုတ် ၁၇ရက် ထုတ်ပြန်သည်။

PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြကာ ကျေးရွာအတွင်း နေအိမ်များမီးလောင်နေမှုကို ရုပ်သံအတွင်း တွေ့ရသည်။

PNOကို ပအိုဝ်းလူမျိုးများဖြင့်စုဖွဲ့ထားခြင်းဖြစ်သော်လည်း ခရိုနီနေဝင်းထွန်းက ၎င်း၏ အကျိုးအတွက် အသုံးချနေခြင်းဖြစ်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် PNOတို့သည် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာကို စစ်ကြောင်းထိုးလာ၍ တပတ်ကြာ တိုက်ပွဲများဖြစ်ခဲ့ကြောင်း PNLAက ဩဂုတ် ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးများခဲ့သည့် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဩဂုတ် ၉ရက်တွင် ကယန်းပိုင်းရပ်ကွက်နှင့် နောင်ထော် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၂၄လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု PNLAက အသိပေးထားသည်။

PNO အနေဖြင့် ၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများနှင့် ၎င်းတို့ သတ်ဖြတ်ခဲ့သည့် ဒေသခံများမှာ ပအိုဝ်းလူမျိုး၊ပအိုဝ်းရွာများဖြစ်သည်ဟု ခွန်ရိန်ယံက ပြောသည်။

“ လူတစုရဲ့ အာဏာအတွက် ကိုယ့်ရဲ့လူမျိုးကျေးရွာတွေကို မီးတွေ ပြန်ရှို့နေရတယ် ကိုယ့်ရဲ့ ပအိုဝ်းလူမျိုးတွေကို ပြန်သတ်နေတယ်ဆိုတာကို သေချာစဉ်းစားဖို့လိုပြီ။ ပအိုဝ်းမဟုတ်တဲ့ ခရိုနီစီးပွားရေးသမားတယောက် ရဲ့အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးကို အစတေးခံမလား ကိုယ့်လူမျိုး သမိုင်းကို အမည်းစက် အဖြစ်ခံမလား ဆိုတာကတော့ သေချာ စဉ်းစားသုံးသပ်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟုPNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဩဂုတ်လအတွင်း ပအိုဝ်းဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေကြရသည်ဟု PNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် PNLO/PNLA ဌာနချုပ် နှင့် ပအိုဝ်းကျေးရွာများကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။