Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ အပစ်ရပ်​ကြေညာပြီးလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ဟု PNLAပြော

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်၍ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-PNLA

ဇွန်-၃၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကဇွန်လကုန်အထိအပစ်ရပ်ကာလတစ်လသက် တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း ဇွန်လ ၁ရက်နှင့် ၂ရက်နေ့များ၌ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့တွင် လက်နက်ကြီး ၁၀ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ဇွန်လ (၁) ရက်နေ့တွင် ဆီဆိုင်မြိုနယ်၊နောင်ထော် ဒေသတွင်းသို့လည်းကောင်း၊ဇွန်လ(၂) ရက်နေ့တွင် မောက်မယ်မြိုနယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသတွင်းသို့ လည်းကောင်း လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ အပစ်ရပ်ထားတယ်ဆိုတဲ့ကြေညာချက်လည်းတွေ့တယ်။မြေပြင်မှာလည်းဘာမှ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုလည်းမရှိဘဲနဲ့ သူတို့က ကျနော်တို့ဌာနချပ်ကို တည်ပြီးတော့မှ လက်နက်ကြီးတွေ ပစ်လာတယ်။ အပြောတမျိုး အလုပ်တမျိုး ဖြစ်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု PNLA ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက ပြောကြားသည်။

စစ်ကောင်စီသည် အပစ်ရပ်ကြေညာထားသော်လည်း နိုင်ငံတဝန်း လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အပစ်ရပ် သက်တမ်းတိုးကြောင်း ကြေညာပြီးနောက် ဇွန်လ ၁ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်များသို့လည်း စစ်ကောင်စီကလေကြောင်း မှဗုံးကြဲခဲ့ရာစာသင် ကျောင်း ၊လူနေအိမ်များ ပျက်စီးကာ အမျိုးသမီး ၃ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ ဟန်ပြအပစ်ရပ်ကြေညာမှု၊ ဝါဒဖြန့်မှုများကို ပြည်သူများ မယုံကြဘဲ လေကြောင်းရန် သတိပြုကြရန်၊ ဗုံးခိုကျင်းများ ခိုင်မာစွာ ပြုလုပ်ထားရန် ပြင်ဦးလွင်ခရိုင်ပကဖသတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။