Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့လေကြောင်းတိုက်မှု ပြည်သူ ၅ဦးသေဆုံး၊ (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

မိုးကုတ်မြို့လေကြောင်းတိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မိုးကုတ် ပကဖ

မေ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

မနေ့ည ၁၂နာရီကျော်မှာ စစ်တပ်က တံတားဦးလေတပ်ကနေ မိုးကုတ်မြို့အနောက်ခြမ်းကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သေဆုံးသူတွေဟာ နမ့်ဆန်မြို့က အညှော်၊သတွက်သျှိုရွာက ကိုကျော်စွာဝင်း၊ကသဲအုပ်စု၊နန်းနွဲ့ရွာက ကော်မလူး၊မြို့ကြီးရွာက ကိုဖိုးစိုးတို့ဖြစ်ပြီး တစ်ဦးကတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်ရှိကောက်ယူထားတဲ့ ဆေးရုံရောက် လူနာစာရင်းမှာ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂၀ဦးထိခိုက်ဒဏ်ရာတွေရထားတယ်လို့လည်း သိရပါတယ်။

“လူနေရပ်ကွက်မဟုတ်ဘဲ လုပ်ကွက်ကိုကြဲချတာ”လို့ မိုးကုတ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

စစ်တပ်က TNLAသိမ်းယူထားတဲ့ မ်ိုးကုတ်မြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ ဝင်းထရံကျောက်လုပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။

အလားတူ ဇန်နဝါရီအတွင်းကလည်း စဥ့်ကူးမြို့နယ်အတွင်းက ကံတောင်ကျေးရွာကိုစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ရွှေလုပ်ကွက်အတွင်းရှိနေတဲ့ ပြည်သူသေဆုံးတာတွေဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။