Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနဲ့ သက်ကြီးရွယ်အို ၁ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မင်းတုန်းမြို့နယ်၊ ချင်းနစ်ကျေးရွာကို စစ်တပ်က ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - သရက်ခရိုင်တပ်ရင်း(၄)

အောက်တိုဘာ-၉ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သရက်မြို့နယ်အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ ၃စီးနဲ့ အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီခွဲက မင်းတုန်းမြို့နယ်၊ ချင်းနစ်ကျေးရွာကို ဗုံးသီး ၉ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ငယ်တွေနဲ့ ပါရာမော်တာပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အသက် (၈၃)နှစ် ဦးထွန်းတင် နဲ့ အသက် (၁၂)နှစ်အရွယ် မောင်ဝေယံဦးတို့ သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ကိုဗိုလ်ဗိုလ်ဝင်း၊ ကိုအောင်ဖြိုးဝေနဲ့ မပလောင်တို့ ဒဏ်ရာရရှိကြပြီး ဒေသခံတွေရဲ့ နွား ၇ ကောင်သေဆုံးခဲ့ကာ ဆေးခန်း နဲ့ နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းဖက်ဆစ်စစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာတွေကို လေကြောင်းလက် နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်တိုက် ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

ဒါကြောင့်လည်း မင်းတုန်းမြို့နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ အနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး ကို သတိပြုနေထိုင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ်လေးဦး အပါအ၀င် အရပ်သား ၆ဦးသေဆုံးခဲ့တာရှိပါတယ်

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲထားတဲ့ စစ်မှုထမ်း(ပစ) အများအပြားကို အသုံးချကာ မင်းတုန်း မြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နဲ့ ရခိုင်ရိုးမ ပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် သရက်ခရိုင်တပ်ရင်း(၄) အပါအ၀င် အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်ပေါင်းစုက ခုခံကာကွယ်နေပါတယ်။

အခုရက်ပိုင်း တိုက်ပွဲတွေလည်းမကြာခဏ ဖြစ်နေပြီး ရခိုင်ရိုးမဘက်ကို ဖောက်ထွက်ဖို့ မကွေးတိုင်း မင်းတုန်းမြို့နယ်၊ကြိုး ၀ကျေးရွာမှာ အထိုင်ချမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို သရက်ခရိုင်အမှတ်၄တပ်ရင်းက ပိတ် ဆို့တိုက်ခိုက်ခဲ့ပြီး အဲဒီစစ်ကြောင်းက မင်းတုန်းမြို့ကို ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက်အပြင်း အထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်သားအလောင်း ၃၀ကျော်ရပြီးစစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွားရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။