Connect with us

Hi, what are you looking for?

သတင်း

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် ဒေါ်​အောင်ဆန်းစုကြည် နှင့် ဦးထင်​ကျော်ပါဝင်​နေခြင်းမှာတရားရုံး၏ဆုံးဖြတ်ချက်သာဖြစ်ဟု BROUK ​ပြော

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်း ထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

နိုင်ငံ​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည် နှင့် သမ္မတ​ဟောင်းဦးထင်​ကျော်။ ဓါတ်ပုံ-AP

​​■မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)က တရားရုံးသို့ အမှုဖွင့်တိုင်ကြားမှုတွင် စစ်ခေါင်းဆောင်များကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ဟုဆို

အီယိုရီ/People’s Spring

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်း ထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် BROUK က အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ်ရှိ တရားရုံး၌ အမှုဖွင့်တိုက်ကြားခဲ့ရာစစ်ခေါင်းဆောင်များနှင့် စစ်တပ်ထိပ်တန်းအရာရှိများကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အမှုကို စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လဲချက်တင်တဲ့အခါကျတော့ အကြမ်းဖက်စစ်တပ်ကို ဦးတည်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီတုန်းက အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ သမ္မတဟောင်းဦးထင်ကျော်လည်း သမ္မတဖြစ်ခဲ့တယ်ဆိုတော့ ဒါက တရားဥပဒေဘောင်ကနေ ထုတ်တဲ့အပေါ်ပဲ သူတို့ ထုတ်လိုက်တာပေါ့နော်။ သူတို့ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ ထုတ်ထားတာပေါ့နော်။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ လျှောက်လဲချက်မှာ ဖမ်းဝရမ်းထုတ်ဖို့ စစ်တပ်ကိုပဲ ၊ အကြမ်းဖက်စစ်ခေါင်းဆောင်အပါအဝင် စစ်ခေါင်းဆောင်တွေကိုပဲ​ထုတ်ဖို့ တောင်းဆိုခဲ့တာပါဗျ” ဟု ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

BROUK က ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ၂၀၁၆-၂၀၁၇က အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အမှတ် ၂၂၊ အမှတ် ၃၃၊ အမှတ် ၇၇ တပ်မမှူးများနှင့် တပ်ရင်းတပ်မှူးများ ပါဝင်ကြောင်း သိရသည်။

အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သော ဖမ်းဝရမ်းစာရင်းတွင် မြန်မာစစ်တပ်ဘက်မှ ၂၂ဦးနှင့် အရပ်ဘက်မှ ၃ ဦး စုစုပေါင်း ၂၅ ဦးပါဝင်ကြောင်း BROUK ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဝရမ်းထုတ်ပြန်လာမှုသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာအရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်များအား အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်မှုတွင် အရပ်ဘက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်နေမှုမှာ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ သွားရောက်ခုခံပြောဆိုခဲ့မှု၊ စစ်တပ်ကို အကာအကွယ်ပေး ပြောဆိုခဲ့မှုများကြောင့် ဖြစ်နိုင်ကြောင်း BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ၎င်း၏အမြင်ကို ပြောသည်။

“ဒီမှာကျတော့ ကျွန်တော်တို့မြင်တာကဒေါ်အောင်ဆန်းစုကြည်က ICJ မှာ သွားပြီးတော့ကမ္ဘာ့တရားရုံးကို သွားပြီးတော့ ခုခံတာတွေရော၊ တခြားကို စစ်တပ်ကို အကာအကွယ်ပေးပြီးတော့ ပြောပေးတာတွေ ကြည့်ပြီးတော့ လုပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

BROUK အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction)ဖြင့် အာဂျင်တီးနားတရားရုံးသို့ ၂၀၁၉ခုနှစ်တွင် အမှုတင်သွင်းခဲ့ဖြစ်သည်။

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းသည် လက်ရှိစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ထိပ်တန်းခေါင်းဆောင်များအပေါ် များစွာဖိအားဖြစ်လာနိုင်မည်ဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေး၊ စစ်တပ်အမြစ်ဖြတ်ဖယ်ရှားရေးတို့အတွက် လွန်စွာအားကောင်းသည့် အလားအလာရှိကြောင်း ဦးထွန်းခင်က သုံးသပ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရှေ့နေချုပ် ကာရင်မ်ခမ်းကလည်း ICC က ဖမ်းဝရမ်းထုတ်ရန် အမှုဖွင့်တိုင်ကြားထားသည်။

ICC ရုံးတော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် စီရင်ချက်မချရသေးသော်လည်း ယခုအာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုက အလိုအလျောက်ဖမ်းဝရမ်းထုတ်ပြန်ရန် အစပျိုးမှုဖြစ်ကြောင်း BROUK က ဖော်ပြသည်။

စစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရင်တွင် အာဏာသိမ်းကတည်းက စစ်တပ်က ​ဒေါ်​အောင်ဆန်းစုကြည်ကို ဖမ်းဆီးတရားစွဲဆို​ထောင်ချထားပြီး သူမဘယ်တွင်ထားရှိ​သည်ကို စစ်​ကောင်စီကလွဲ၍ မည်သူမျှသိခွင့်မရ​ပေ။

ဆက်စပ်သတင်းများ

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​ကျန်းမာ​ရေး​ကောင်မွန်ပြီး ၊အမအရင်းလို​စောင့်​ရှောက်မှုမျိုးရမည်ဟု အာဆီယံကို စစ်အုပ်စု​ပြော

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Global Ring မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ (၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာ ရန်ပုံငွေပွဲ ဒီကနေ့ (ဇူလိုင် ၁၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မတရား ပြစ်ဒဏ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့လျော့သေးတဲ့အတွက်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်က သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof of Life လှုပ်ရှားမှုကို...